Chapter 68

1.4K 214 3
                                    

Chapter 68 –  လှိုဏ်ဂူ

.

မြို့ထဲရောက်လာတဲ့အခါ လုရှနဲ့အများသည် လူချင်းခွဲသွားကြသည်။ လုရှကလွဲရင်လူတိုင်းသည် ကိုယ့်ပါဆယ်ထုတ်တွေကိုထုတ်ယူရန် စာတိုက်ရုံးသို့သွားကြသည်။

လုရှကတော့ ထောက်ပံ့ရေးနဲ့ရောင်းဝယ်ဖောက်ကားရေးသမဝါယမကို တစ်ယောက်တည်းသွားလေသည်။ ဒါပေမဲ့ သူမရောက်ချိန်တွင် အသားစင်ပေါ်ကကောင်းတဲ့အသားပိုင်းတွေ ရောင်းကုန်လုနီးပါးဖြစ်နေကာ အရိုးအရင်းနဲ့အသားအတိုအစလေးတွေပဲကျန်တော့သည်။

လုရှသည်ဝက်နံရိုးအနည်းငယ်ရယ် အသားလက်မှတ်မလိုတဲ့ဝက်ခြေထောက်တစ်ချို့ရယ် ဝက်အသည်းရယ်ဝယ်လိုက်ပြီး ထောက်ပံ့ရေးနဲ့ရောင်းဝယ်ဖောက်ကားရေးသမဝါယမမှာလှည့်ပတ်ကြည့်ကာ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ဝယ်ပြီးမှ ထွက်လာခဲ့သည်။

ထွက်လာပြီးနောက်မှာ မြို့တစ်ဝိုက်နှစ်ကြိမ်မျှလမ်းပတ်လျှောက်ကြည့်ခဲ့ပေမယ့် မှောင်ခိုစျေးကိုမတွေ့ရသေးပေ။ ဒီမြို့ကအရမ်းသေးလွန်းလို့ မှောင်ခိုစျေးမရှိတာများဖြစ်နိုင်မလား?

လုရှစဉ်းစားကြည့်လိုက်ပေမယ့် လက်တလောမှာဝယ်ယူစရာ အတိအကျရယ်လို့မရှိသည့်အတွက် မှောင်ခိုစျေးကိုရှာဖွေနေတာလက်လျှော့လိုက်ပြီး အနာဂတ်မှာခရိုင်မြို့ကိုသွားသည့်အထိစောင့်ရန် ဆုံးဖြတ်လိုက်သည်။

နိုင်ငံပိုင်စားသောက်ဆိုင်ကိုဖြတ်လာခဲ့တော့ ဘန်းမုန့်ပေါင်းတစ်ချို့ဝယ်ယူလိုက်ပေမယ့် ပြီးခဲ့တဲ့အခေါက်ကလက်ရာကိုပြန်စဉ်းစားပြီးတော့ ဒီနေရာမှာမစားရန်ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမမှာအစားသောက်လက်မှတ်တွေ အများကြီးမကျန်တော့ပေ။

အရာအားလုံးဝယ်ယူပြီးနောက် အချိန်ကျခါနီးတွင် လုရှသည်လူစုရန်သတ်မှတ်ထားသည့်နေရာကိုသွားပြီး ကျန်သူတွေကိုစောင့်ဆိုင်းလိုက်သည်။ မကြာခင်မှာဘဲ ခါတိုင်းကဲ့သို့ပင်ပစ္စည်းတွေအမြောက်အမြားနဲ့ ကျန်တဲ့လူတိုင်းရောက်လာကြသည်။

ဒါပေမယ့် ကုရှန့်နန်၊ ချန်ယွီကျောင်းနဲ့ကျန်းကျွင်းမော့တို့မှာ သူတို့ကိုပို့ပေးလိုက်တဲ့ပါဆယ်ထုတ်တွေရှိနေကြပေမယ့် စူးမန့်မှာတော့မရှိကြောင်း လုရှသတိပြုမိလိုက်သည်။ သူမကမြို့ထဲကနေပစ္စည်းတွေ ဝယ်ယူလာခဲ့တာပဲဖြစ်ရမည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now