Chapter 63

1.6K 219 2
                                    

Chapter 63 – ချန်းရွှယ်ရဲ့ကြင်ဖက်‌တွေ့ခြင်း
.

ရွာသားတွေဘက်မှာ ဆွေးနွေးပြောဆိုနေကြစဉ် အဝေးကနေအမေဟူသည် သူတို့ဘက်ပြေးလာသည်ကိုတွေ့လိုက်ကြရသည်။
" ငါ့သားလေး နောက်ဆုံးတော့ပြန်လာပြီ! အမေနင့်ကိုအရမ်းလွမ်းနေတာ!"

ဟူကျန့်ကျွင်းသည် သူ့အမေကိုဖက်လိုက်ပြီး " အမေ ကျွန်တော်ပြန်ရောက်ပြီ အမေ့ကိုစိတ်ပူစေခဲ့မိတယ်"

စိတ်လှုပ်ရှားဖွယ်ပြန်လည်ဆုံစည်းမှုပြီးနောက် အမေနဲ့သားသည်စိတ်လှုပ်ရှားမှုနဲ့သတိရတမ်းတဲ့မှုတို့ကို တည်ငြိမ်စေလိုက်သည်။ ဟူကျန့်ကျွင်းသည် ရွာသားတွေနဲ့ခဏတစ်ဖြုတ်လောက်စကားပြောပြီးမှ အမေဖြစ်သူကိုအိမ်ပြန်ခေါ်သွားသည်။

သူတို့နဲ့မရင်းနှီးကြတဲ့လုရှနဲ့ကျန်သူတွေမှာ အနားမကပ်သွားခဲ့ကြပေ။ ဟူကျန့်ကျွင်းကအထူးတလည်ကြီး ချောမောခန်ညားတာမဟုတ်ပေမယ့် သူနဲ့ပတ်သတ်လို့ ခိုင်မာပြတ်သားတဲ့စစ်အရှိန်အဝါရှိပြီးတော့ အတော်လေးအသားညိုတာကို ခပ်လှမ်းလှမ်းမှသာမြင်တွေ့နိုင်သည်။ လုရှသည်ဘာမှထွေထွေထူးထူးမခံစားမိပေမယ့် အမျိုးသမီးပညာတတ်လူငယ်များကတော့ သူ့ကိုအတော်လေးနှစ်သက်စရာကောင်းတယ်လို့ ထင်သွားကြပုံရသည်။

အထူးသဖြင့် မျက်နှာနီရဲသွားပြီး သူမရဲ့စိတ်ဝင်စားမှုကိုရှင်းလင်းစွာပြသနေတဲ့ ကျိုးလိုင်အာပင် ။ ဒါပေမဲ့ ပြဿနာကသူ့အခြေအနေကအရမ်းကောင်းလွန်းနေပြီး သူမကိုသူကစိတ်ဝင်စား မဝင်စားဆိုတာမသေချာပေ။

နောက်ရက်အနည်းငယ်ကျော်လာတော့ ဟူကျန့်ကျွင်းအကြောင်းသတင်းတွေတဖြည်းဖြည်းပျံ့နှံ့လာသည်။ သူကတပ်စုခေါင်းဆောင်အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရပြီး လက်ထပ်ပြီးနောက်တွင် စစ်တပ်ထဲမှာသွားနေနိုင်လိမ့်မည်ဟုဆိုကြသည်။

သူကဒီတလောမှာ မိန်းကလေးအမြောက်များနဲ့တွေ့ခဲ့ပေမဲ့ သူတို့ထဲကတစ်ယောက်ကမှ မသင့်တော်ခဲ့ဘူးဆိုတဲ့ ကောလဟလတွေလည်းရှိသည်။ ဘယ်မိသားစုက ရွာရဲ့' စိန်အဆင့်လူပျို' ရဲ့ရွေးချယ်ခံရမလဲဆိုတာကို လူတိုင်းကသိလိုစိတ်ပြင်းပြနေစဉ်မှာပဲ ရွာရဲ့အမျိုးသမီးအဖွဲ့ဒါရိုက်တာအစ်မကြီးရွှီသည် ပညာတတ်လူငယ်များနေရာသို့ ရောက်လာသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Donde viven las historias. Descúbrelo ahora