Chapter 101

1K 169 0
                                    

Chapter 101 –  အိမ်အသစ်တွင်ပထမဆုံးည
.

သူသဘောတူလိုက်ပြီးနောက်တွင် လုရှသည်ရေချိုးရန်အခန်းထဲဝင်သွားသည်။ သူမခန္ဓာကိုယ်ကရေချိုးစည်ထဲဝင်ရောက်သွားချိန်တွင် သက်သောင့်သက်သာဖြစ်စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ နောက်ဆုံးတော့ သူမရေကောင်းကောင်းချိုးနိုင်ပြီ။ ဘယ်လောက်လန်းဆန်းလိုက်သလဲ!

သူမအလျင်အမြန်ဆေးကြောလိုက်ပြီး ထွက်လာတော့ ကျန်းကျွင်းမော့သည်ရေချိုးစည်ထဲကရေတွေကိုအပြင်ဖက်လောင်းသွန်ပေးခဲ့သည်။ ဒါပေမယ့် သူရေသွန်လို့ပြီးသွားကာ ရေချိုးစည်ကိုသန့်ရှင်းရေးလုပ်ပြီး အနောက်ကအခန်းငယ်လေးထဲ ပြန်ထည့်သိမ်းတာမြင်လိုက်ရတော့ လုရှအံ့အားသင့်သွားသည်။

" ရှင်ရေချိုးမှာမဟုတ်ဘူးလား?"

ကျန်းကျွင်းမော့အနည်းငယ်ရှက်ရွံ့သွားပုံရပြီး သူမကိုကြည့်ကာ " ကျွန်တော်သစ်သားရေဇလုံကိုပဲသုံးလိုက်မယ်"

သူတို့ပရိဘောဂတွေဝယ်တုန်းက ကျန်းကျွင်းမော့သည်သစ်သားရေဇလုံကြီးတစ်လုံးကိုပါဝယ်ခဲ့သည်။ အဲ့ဒီတုန်းကတော့ လုရှသည်သူဘာအတွက်သုံးဖို့ ရည်ရွယ်ထားတာလဲဆိုတာမသိခဲ့ပေမဲ့ အခုတော့ရေချိုးဖို့အတွက်ဖြစ်ကြောင်း သူမသဘောပေါက်သွားသည်။

‌သူကရေဇလုံကိုရေတွေဖြည့်ထားပြီးသားဖြစ်သည့်အတွက် လုရှဘာမှမပြောတော့ပေ။ ရေချိုးဖို့သူအထဲဝင်သွားပြီးနောက် လုရှသည်မီးဖိုချောင်ထဲမှာပဲ ဆံပင်တွေသုတ်လိုက်သည်။

ကျန်းကျွင်းမော့ကအလျင်အမြန်ရေချိုးလို့ပြီးသွားသည်။ ယောက်ျားလေးတွေအတွက် ရေချိုးဖို့ကလွယ်ကူအဆင်ပြေပြီး နွေရာသီအတွင်းမှာ သူတို့ကဆေးကြောသန့်စင်ဖို့ မြစ်ကိုမကြာခဏသွားလေ့ရှိတာကြောင့် ညစ်ပတ်မနေနိုင်ပေ။

သူတို့ရေမိုးချိုးပြီးစီးသွားချိန်တွင် အပြင်မှာမှောင်နေပြီဖြစ်ပြီး မီးအိမ်မရှိတာကြောင့် ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်ကြသည်။ လုရှ အနည်းငယ်အေးသလိုခံစားလိုက်ရပြီး အကြံပြုလိုက်သည်။

" မြန်မြန်အိပ်ရာဝင်ကြရအောင် ကျွန်မတို့အခုပဲရေချိုးပြီးထားကြတာ အအေးမမိစေနဲ့"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now