Chapter 40

1.7K 229 0
                                    

Chapter 40:  သော့ခတ်ခြင်း

.

အဖိုးလီသည် သူမတို့ဝယ်ယူချင်တဲ့သေတ္တာအမျိုးအစားအကြောင်းမေးမြန်းပြီးတော့ သူမတို့ကိုအနီးနားက သိုလှောင်ခန်းဆီသို့ခေါ်သွားသည်။

အခန်းအတွင်းတွင် ပြုလုပ်ထားပြီးသားသစ်သားသေတ္တာတချို့ရှိသည်။ ဘယ်သစ်သားအမျိုးအစားကို သုံးပြီးလုပ်ထားတာလဲဆိုတာမသေချာပေမယ့် သေတ္တာတွေပေါ်တွင် ရိုးရိုးရှင်းရှင်းဆေးတစ်လွှာသုတ်ထားသည်။ အားလုံးကဆေးကောင်းကောင်းခြောက်သွေ့နေပြီဖြစ်ပြီး ခိုင်ခန့်စွာပြုလုပ်ထားသည်။ သာမန်ဆန်ပုံပေါက်ပေမယ့် လုရှနဲ့စူးမန့်တို့သည် တောင်းဆိုချက်မြင့်မြင့်မားမားမရှိကြပဲ လက်တွေ့အသုံးဝင်မယ့်တစ်ခုခုကိုလိုချင်ရုံသာဖြစ်သည်။

ထိုသေတ္တာတွေအပြင် သိုလှောင်ခန်းထဲတွင် စင်တွေ၊ သစ်သားရေဇလုံတွေနဲ့ဗီရိုတို့ကဲ့သို့ တခြားလုပ်ပြီးသွားတဲ့ပစ္စည်းတွေလည်းရှိနေသည်။ လုရှသည်ရေချိုးစည်အကြီးကြီးကိုပင်တွေ့ရှိခဲ့ပြီး ဝယ်ယူရန်စိတ်ပါသွားခဲ့ပေမဲ့ ပညာတတ်လူငယ်များနေရာတွင် ထိုရေချိုးစည်ကြီးရှိဖို့ အဆင်ပြေမှာမဟုတ်တာကိုသိတာကြောင့် ထိုအကြံကိုခေါင်းထဲမှထုတ်လိုက်ရသည်။

အာ ပညာတတ်လူငယ်များနေရာမှာ ရေချိုးရတာအတော့်ကိုအဆင်မပြေဖြစ်တာ။ နေ့တိုင်း ကိုယ့်အခန်းတွေထဲကိုယ်ရေသယ်ပြီး သေသေချာချာဆေးကြောသန့်စင်ကြပေမဲ့ စင်စစ်ရေချိုးလို့တော့မရကြပေ။ အမြဲတမ်းလုံလောက်အောင် မသန့်ရှင်းသွားဘူးလို့ခံစားရပေမယ့် သူတို့တတ်နိုင်တာဘာမှမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်းသည်တူညီတဲ့အခြေအနေမှာရှိနေကြသည်။

အဆုံးတွင် လုရှနဲ့စူးမန့်သည်လုပ်ပြီးတဲ့ပစ္စည်းတွေထဲမှ တိုက်ရိုက်ရွေးချယ်လိုက်ကြသည်။ စူးမန့်သည် သေတ္တာအကြီးတစ်လုံးနဲ့အသေးတစ်လုံးဝယ်ယူခဲ့ပြီး ခြေထောက်ဆေးရန် သစ်သားရေဇလုံးတစ်လုံးကိုလည်းဝယ်ယူခဲ့သည်။ သူမသည်တခြားအတိုအထွာ အသုံးဆောင်ပစ္စည်းတချို့ကိုလည်းဝယ်ယူခဲ့သည်။

လုရှသည်သေတ္တာကြီးနှစ်လုံးကိုချက်ချင်းဝယ်ယူလိုက်ပြီး တခြားဘာကိုမှမဝယ်ယူခဲ့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now