Chapter 72

1.1K 162 0
                                    

Chapter 72 –  ခရိုင်မြို့သို့သွားခြင်း

.

စွင်းရှန်းနန်ပြုံးပြီး " ငါ့ညီမလေးကလက်ထပ်တော့မှာလေ အဲ့ဒါသူ့ကိုသွားတွေ့ပြီးလက်ဆောင်ဝယ်ပေးဖို့ ကြံရွယ်ထားတယ်"

ဒီစကားကြားလိုက်ရတော့ ပညာတတ်လူငယ်များနေရာကလူတိုင်းနားလည်သွားကြပေမဲ့ စိတ်မကောင်းတဲ့ခံစားချက်တစ်ခုလည်းရှိနေပါသည်။ စွင်းရှန်းနန်မှာမောင်လေးနှစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်လို့ အရင်ကပြောခဲ့တာကို သူတို့ကြားဖူးပါသည်။

အကြီးဆုံးမောင်ကသူမထက်နှစ်နှစ်သာငယ်ပြီး ဘွဲ့ရပြီးနောက်သူ့အမေရဲ့အလုပ်ကိုလက်လွှဲယူလိုက်ကာ မြို့ပေါ်မှာနေပြီးအလုပ်လုပ်နေသည်။ ဒုတိယမောင်လေးကတော့ငယ်သေးသည်။ ဆယ့်ငါးနှစ်ပတ်လည်လောက်ပဲရှိသေးသည်။

အငယ်ဆုံးညီမလေးကသူမထက်ငါးနှစ်ငယ်ပြီး ဒီနှစ်မှ၁၈နှစ်ပြည့်ပြီးခါစဖြစ်ရာ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်သွားမယ်လို့ မမျှော်လင့်ထားပေ။ သူမကကျေးလက်ကိုမသွားချင်လို့ ဖြစ်နိုင်သည်။

ယှဉ်ကြည့်ရလျှင် သူတို့ရဲ့၂၃နှစ်အရွယ်အစ်မကြီးဖြစ်တဲ့ စွင်းရှန်းနန်မှာခုထိလက်မထပ်ရသေးပေ။

ဒီစကားတွေပြောချိန်မှာ လုရှသည်စွင်းရှန်းနန်မျက်လုံးထဲကခက်ခဲမှုကို မြင်နိုင်ပေမဲ့ သူမကမိသားစုအတွက်ပစ္စည်းတွေဝယ်ဖို့ ကျေးလက်မှာရှိနေစဉ်သူမစုဆောင်းထားခဲ့တဲ့ ငွေလေးအနည်းငယ်ကို အသုံးပြုဖို့လိုလားနေပါသေးသည်။ အရင်ကကျေးလက်ကိုလာခဲ့ခြင်းကလည်း သူမရဲ့ဆန္ဒအလျောက်ဖြစ်နိုင်ပါသည်။

လုရှသည်ဒီကိစ္စတွေအပေါ်လိုက်တွေးပြီး အချိန်ဆွဲမနေတော့ပဲ နောက်နေ့မှုသူမနဲ့အတူခရိုင်မြို့ကိုလိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ခရိုင်မြို့သွားမဲ့သတင်းကြားပြီးနောက် စူးမန့်၊ ကုရှန့်နန်နဲ့ချန်ယွီကျောင်းအပါအဝင် ပညာတတ်လူငယ်များနေရာကလူအများအပြားသည်လည်း တစ်ချက်လောက်သွားကြည့်ကြဖို့ ကြံရွယ်လိုက်သည်။ ကျန်းကျွင်းမော့ကတော့သူ့ရဲ့‌ကျန်းမာရေးကြောင့် မိုးရွာတဲ့နေ့တွေမှာအပြင်မထွက်ရဲပေ။ မဟုတ်ရင် အအေးမိဖျားနာခြင်းက သူ့အသက်ကိုအလွယ်တကူခြိမ်းခြောက်နိုင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now