Chapter 46

1.5K 211 1
                                    

Chapter 46 – စူးမန့်ရဲ့အဆိုပြုချက်

.

လူတိုင်းသည်ကျွမ်းဟုန်မိန်နဲ့ခပ်ခွာခွာ‌နေသည်ကို လုရှသည်မကြာမီမှာသတိထားမိသွားသည်။

ဒါပေမဲ့ ကျွမ်းဟုန်မိန်ကိုယ်တိုင်ကတော့ ဒါကိုမသိရှိပေ။ သူမကအရမ်းပင်ပန်းပြီး ထိုအကြောင်းတွေးဖို့အချိန်မရှိတာကြောင့် ဖြစ်နိုင်ပါသည်။

ပိုက်ဆံတွေနဲ့ ဝယ်လာတဲ့ပစ္စည်းအများအပြားရှိတဲ့ လုရှနဲ့စူးမန့်တို့ဖြင့်မတူပဲ ကျွမ်းဟုန်မိန်သည်ကျေးလက်ကိုလာချိန်မှာ ခရီးဆောင်အိတ်သေးသေးလေးတစ်လုံးသာ သယ်လာခဲ့သည်။  စောင်တစ်ထည်အပြင် အထဲမှာဘာမှမပါသလောက်ပါပဲ။

သူမကတခြားပညာတတ်လူငယ်တွေနဲ့အတူ စားသောက်ပြီး လုရှနဲ့စူးမန့်တို့မှာရှိတဲ့ အစာသွပ်မုန့်တွေလို တခြားအဆာပြေသရေစာတွေမရှိပေ။ သူမဗိုက်ဆာတဲ့အခါ ရရှိနိုင်တာတွေကိုပဲစားနိုင်ပြီး အလုပ်ကြောင့်ပင်ပန်းနွမ်းနယ်မှုနဲ့ပေါင်းလိုက်တော့ ရက်အနည်းငယ်ကြာပြီးနောက်မှာ သူမကအများကြီးပိုပြီး ခြေကုန်လက်ပန်းကျသွားပုံပေါ်သည်။

သူမနဲ့အသိသာဆုံးခြားနားချက်ကတော့ လုရှပဲ။

လုရှကျေးလက်ကိုပထမဆုံးရောက်လာတော့ ကျွမ်းဟုန်မိန်ထက်ပင်ပိန်ပါးပုံရပြီး အသားအရောင်ကလည်းမကောင်းမွန်ပေ။ ဒါပေမဲ့အခုတော့ သူမကပိုမဆိုးလာရုံသာမကပဲ ကြည့်ကောင်းသည်ထက် ကြည့်ကောင်းလာခဲ့သဖြင့် ကျွမ်းဟုန်မိန်ကိုမနာလိုဖြစ်ကာ ထိုစကားတွေပြောဖို့ တွန်းအားဖြစ်စေခဲ့သည်။

ဒါပေမဲ့ လုရှကတော့ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်မှာလက်ရှိမှာ သူမကပညာတတ်လူငယ်များနေရာမှာ ဆက်နေရအုံးမည်ဖြစ်ရာ ကြမ်းတမ်းလွန်းရင်မကောင်းပေ။

တစ်ဖက်တွင် စူးမန့်သည်အကြောင်းပြချက်တစ်ချို့ကြောင့် ဒီတလောမှာရုတ်တရက်ကြီး လုရှအပေါ်ပိုပြီးလှိုက်လှိုက်လှဲလှဲရှိလာသည်။ သူမကသူမကိုသူငယ်ချင်းအရင်းကြီးလို ဆက်ဆံနေပုံရသည်။ ဒါကလုရှကိုစိတ်မအေးဖြစ်စေသည်။ ဇာတ်လိုက်မဘာတွေကြံနေမှန်း သူမမသိပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now