Chapter 95

919 148 0
                                    

Chapter 95 –  လီဟုန်ကျွင်းအားကျေးဇူးတင်ရှိခြင်း
.

သူမပြန်ချေပမယ်လို့ ချန်ယွီကျောင်းထင်မှတ်မထားခဲ့ပေ။ သူမဆက်ပြောရန်ပြင်လိုက်စဉ်မှာပဲ ကုရှန့်နန်ကသူမကိုကြားဖြတ်ပြောလိုက်သည်။
" တော်ပြီ မြန်မြန်စားတော့ ရဲဘော်ကျန်းကနေမကောင်းလို့ ရဲဘော်လုကသူ့အတွက်အရသာရှိတာလေးချက်ပေးခဲ့တာ မင်းနဲ့ဘာမှမဆိုင်ဘူး"

လုရှ ပြုံးလိုက်သည်။ " ဟုတ်တယ် ကျွန်မဒီကိုလာတဲ့အချိန်တုန်းက အိမ်ကဆန်ယူလာခဲ့တာ ဒါပေမယ့်နည်းနည်းလေးဆိုတော့ ကျွန်မစားဖို့ဝန်လေးနေခဲ့တာ ဒါကိုနှစ်သစ်ကူးပွဲကျင်းပတဲ့အချိန်အတွက်သိမ်းထားဖို့ စီစဉ်ထားတာ

အခုရဲဘော်ကုကနေမကောင်းဖြစ်နေတော့ သူ့ကိုမြန်မြန်ပြန်သက်သာလာဖို့ အထောက်အကူဖြစ်မယ်မျှော်လင့်ပြီး သူ့အတွက်ချက်ပေးလိုက်တာ သူ့ခန္ဓာကိုယ်ကအားနည်းနေပြီးသားဆိုတော့ ကျွန်မတကယ်စိတ်ပူမိတယ် ကျွန်မတို့ကအခုမှလက်ထပ်ထားခါစ သူတစ်ခုခုဖြစ်ပျက်သွားခဲ့ရင် ကျွန်မဘာဆက်လုပ်ရမှန်းသိမှာမဟုတ်ဘူး"

ဒီစကားတွေကြားလိုက်ရတော့ ကျန်တဲ့လူတိုင်းသည်သူမကို တစ်ယောက်ပြီးတစ်ယောက်နှစ်သိမ့်ပေးလိုက်ကြသည်။ တကယ်တော့ တခြားပညာတတ်လူငယ်တွေက အားကျတာကလွဲရင် အရင်ကဘာမှများများစားစားမတွေးခဲ့ကြပါဘူး။ သူတို့အားလုံးကအခြေအနေကိုနားလည်ကြပါတယ်။

သူတို့အားလုံးမှာလည်းသီးသန့်ဖယ်ထားတဲ့အစားအစာတွေရှိကြပြီး သူများတွေနဲ့ဝေမျှစားရန်ဝန်လေးသဖြင့် ရံဖန်ရံခါကိုယ့်ဘာသာကိုယ်သီးသန့်ချက်ပြုတ်စားကြပေမယ့် ဒါတွေကိုကိုယ့်ဘာသာကိုယ်ပဲလျှို့ဝှက်ထားကြသည်။ ဘယ်သူကမှအရင်စပြီးမပြောခဲ့ကြပေ။

လူတိုင်းကလုရှနဲ့တစ်ဖက်တည်းဖြစ်နေတာမြင်လိုက်ရတော့ ချန်ယွီကျောင်းမျက်နှာရှစ်ခေါက်ချိုးဖြစ်သွားပေမဲ့ လုရှကလက်ထပ်လိုက်ပြီး နာမကျန်းတဲ့ယောက်ျားနဲ့အဆုံးသတ်သွားပြီဖြစ်တာကို ထည့်စဉ်းစားကြည့်လိုက်တော့ ပီတိတဖွားဖွားဖြစ်သွားပြီးသူမနဲ့ဆက်ငြင်းခုံရန်အပင်ပန်းမခံတော့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now