Chapter 83

994 186 1
                                    

Chapter 83 – ရွာလူကြီးအိမ်သို့သွားရောက်ခြင်း
.

လုရှသည်အ‌ခြေအနေကြောင့် တုန်လှုပ်မနေတာကို မြင်လိုက်ရ‌လို့ကျန်းကျွင်းမော့မှာစိတ်သက်သာရာရသွားသည်။ ရွာလူကြီးအိမ်နီးကပ်လာချိန်တွင် သူသည်အနည်းငယ်စိတ်မအေးသလိုခံစားနေရတုန်းပင်။ အထဲမဝင်ခင်မှာ သူကသေချာအောင်နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
" မင်းဒီလိုလုပ်မှာကျိန်းသေပြီလား?"

လုရှသူ့ကိုအံ့အားသင့်တဲ့အကြည့်တစ်ချက်ပေးလိုက်သည်။
" ဒါပေါ့ သေချာပါတယ် ဘာဖြစ်လို့လဲ? ရှင် ‌သ‌ဘောတူညီချက်ပြန်ရုတ်သိမ်းဖို့ရည်ရွယ်နေတာလား?"

ကျန်းကျွင်းမော့ ခေါင်းကိုခပ်သွက်သွက်ယမ်းလိုက်သည်။
" မဟုတ်ပါဘူး ကျွန်တော်ပြန်မရုတ်သိမ်းပါဘူး"

လုရှပြုံးလိုက်သည်။ " ဒါဆိုကောင်းပြီ ရှင်သဘောတူညီထားတာကိုပြန်မရုတ်သိမ်းဘူးဆိုတော့ သူတို့မအိပ်ခင်အထဲမြန်မြန်ဝင်ကြတာပေါ့"

ထိုသို့ဆိုပြီး သူမသည်အပြင်ကနေတံခါးခေါက်ကာ အော်ခေါ်လိုက်သည်။
" ရွာလူကြီးအိမ်ထဲမှာရှိပါသလား?"

" အေး!"

အတွင်းမှအသံတစ်သံကပြန်ဖြေလိုက်ပြီး မကြာခင်တွင်ရွာလူကြီးရဲ့ဇနီးတံခါးလာဖွင့်ပေးလေသည်။ ရွာလူကြီးဇနီးသည်လုရှနဲ့ကျန်းကျွင်းမော့ကို မှတ်မိသွားပေမဲ့ သူတို့နှစ်ယောက်ကိုအတူတွဲမြင်လိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။

" ပညာတတ်လူငယ်လု ပညာတတ်လူငယ်ကျန်း ဘာကိစ္စရှိလို့ပါလဲ?"

လုရှသူမကိုပြုံးပြလိုက်ပြီး " နှောင့်ယှက်မိလို့တောင်းပန်ပါတယ် အဒေါ်လီ ကျွန်မတို့ကိစ္စလေးရှိလို့ရွာလူကြီးကိုလာရှာတာပါ အိမ်မှာရှိလားဟင်?"

ရွာလူကြီးရဲ့ဇနီးကပြုံးလိုက်ကာ " ရှိပါတယ် လာ ဝင်ခဲ့ကြ"

လုရှနဲ့ကျန်းကျွင်းမော့တို့ ခြံဝင်းထဲဝင်လာခဲ့ကြသည်။ လုရှသည်သကြားညိုထည့်ထားတဲ့အိတ်ကို ရွာလူကြီးဇနီးထံပေါ့ပေါ့ပါးပါးလေးလှမ်းပေးလိုက်သည်။
" အဒေါ်‌လီ ရွာလူကြီးရဲ့ဂရုစိုက်မှုအတွက် ကျွန်မတို့ရဲ့ကျေးဇူးကိုဖော်ပြတဲ့အနေနဲ့ ယူလာစရာဘာမှတန်ဖိုးကြီးကြီးတော့မရှိပါဘူး ဒီသကြားညိုကကျွန်မတို့ရဲ့လက်ဆောင်ငယ်လေးပါ အဒေါ်လက်ခံပေးမယ်လို့မျှော်လင့်ပါတယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now