Chapter 39

1.7K 233 0
                                    

Chapter 39 – သေတ္တာတွေဝယ်ယူခြင်း

လူတိုင်းထိုအခြေအနေဖြစ်နေတာမြင်လိုက်ရတော့ စွင်းရှန်းနန်သူတို့ကိုနှစ်သိမ့်လိုက်သည်။
" တကယ်တော့ ရွာကတစ်နှစ်ပတ်လုံးအလုပ်မရှိပါဘူး ဆောင်းရာသီအတွင်းမှာဆို သိပ်များများစားစားလုပ်စရာမရှိလို့ ဆောင်းတွင်းတစ်ခုလုံးအနားယူရသလောက်ပဲ အရှေ့မြောက်ပိုင်းမှာ ဆောင်းရာသီကတာရှည်တယ် လေးလလောက်ကြာတယ် ဒါကိုသူများတွေကသက်သောင့်သက်သာရှိတယ်လို့တွေးနိုင်ပေမဲ့ အလုပ်မရှိဘူးဆိုတာက အလုပ်ရမှတ်မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ ဒါပေါ့ မင်းတို့ပိုလွယ်ကူတဲ့တာဝန်တွေလုပ်ချင်ရင် ရွာထဲမှာဝက်စာမြက်ရိတ်တာ၊ နွားကျောင်းတာ၊ ဝက်ခြံသန့်ရှင်းရေးလုပ်တာတို့လို ရွေးချယ်စရာတွေရှိတယ် ဒီအလုပ်တွေကမပင်ပန်းပေမဲ့ အလုပ်ရမှတ်တွေသိပ်မရဘူး များသောအားဖြင့် ပိုခက်ခဲတဲ့အခြေအနေရှိတဲ့မိသားစုတွေကို တာဝန်ပေးလေ့ရှိတယ်"

ဒီစကားကြားလိုက်ရတော့ လုရှနဲ့ကျန်သူတွေမှာခေါင်းညိတ်လိုက်ကြပြီး နောက်ဘာဆက်လုပ်ရမလဲတွေးတောချင့်ချိန်လိုက်ကြသည်။ မကြာမီတွင် လူတိုင်းသည်ပညာတတ်လူငယ်များနေရာဆီ ပြန်ရောက်လာကြသည်။

ချန်းရွှယ်နဲ့ကျိုးလိုင်အာတို့သည် ဆန်ကြမ်းယာဂု၊ ဂေါ်ဖီထုတ်မွှေကြော်နဲ့ သခွားသီးသုပ်တို့ပါဝင်တဲ့နေ့လည်စာကိုပြင်ဆင်ထားပြီးဖြစ်သည်။ အရသာကသာမာန်ပဲဖြစ်ပေမဲ့ လူတိုင်းသည်အတော်လေးဗိုက်ဆာနေပြီဖြစ်ရာ အကုန်လုံးစားပစ်လိုက်ကြသည်။

ထမင်းစားသောက်ပြီးနောက် ဘယ်သူမှစကားသိပ်မပြောကြပေ။ သူတို့သည်ပင်ပန်းလွန်းနေလို့ ခဏတဖြုတ်အနားယူချင်တာကြောင့်ဖြစ်မည်။ လုရှသည်ကျန်းကျွင်းမော့ကိုတစ်ချက်ကြည့်လိုက်ရာ သူ့ခြေထောက်တွေယိုင်နေတာမြင်လိုက်ရသည်။ သူသည်းခံနိုင်ပါ့မလား သူမတွေးမိသည်။

အမှန်ပါပဲ နေ့လည်အလုပ်ပြန်ဆင်းချိန်တွင် ကျန်းကျွင်းမော့သည်အလုပ်ဆက်မလုပ်နိုင်တော့ပဲ ကုရှန့်နန်သည်ရွာလူကြီးကိုခွင့်တောင်းဖို့ပြောနေသည်ကို ကြားလိုက်ရသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now