Chapter 92

954 168 0
                                    

Chapter 92 –  တရားမျှတမှုရှာဖွေခြင်း

.

သူတို့ရွာကော်မတီသို့ရောက်ချိန်တွင် ရွာလူကြီးသည်ဒီအဖြစ်အပျက်အကြောင်း သတင်းရထားပြီးဖြစ်သည်။

သူ့ကိုမြင်လိုက်ရတော့ ကုရှန့်နန်သည်ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
" ရွာလူကြီး ရွာထဲကလူအများအပြားကကျွန်တော်တို့ပညာတတ်လူငယ်တွေကို အပြင်လူတွေအဖြစ်သဘောထားကြတာသိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ကကျေးလက်ဒေသဖွံ့ဖြိုးမှုကိုအထောက်အကူပြုဖို့ တိုင်းပြည်ရဲ့ခေါ်သံကိုတုံ့ပြန်ပြီး ကျေးလက်ကိုရောက်လာခဲ့ကြတာပါ အနိုင်ကျင့်ခံဖို့ရောက်လာကြတာမဟုတ်ပါဘူး

ရွာသားတွေကပညာတတ်လူငယ်တွေရဲ့အပြုအမူကို သူတို့စိတ်မကျေနပ်တာကြောင့်နဲ့ လူသတ်ချင်နေတာက ကျွန်တော်တို့လက်မခံနိုင်တဲ့အကြောင်းပြချက်ပါပဲ

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ကရွာသားတွေနဲ့အတူအလုပ်လုပ်တယ် အလုပ်နဲ့လှုပ်ရှားမှုတွေမှာပါဝင်ကြတယ် ကျွန်တော်တို့ရွာသားတွေအပေါ်မတရားတာတစ်ခုမှမလုပ်ခဲ့ဘူးဆိုတာ ယုံကြည်ပါတယ် ရွာသားတွေကကျွန်တော်တို့ကိုတကယ်ပဲဒီလိုတွေးတယ်ဆိုရင် ဒါဆိုကျွန်တော်တို့ပညာတတ်လူငယ်များရုံးဆီသွားပြီး စုံစမ်းမေးမြန်းရလိမ့်မယ် ကျွန်တော်တို့ကကျေးလက်ကိုဖိနှိပ်ချုပ်ချယ်ခံပြီး အလဟဿဖြစ်ဖို့အတွက်ရောက်လာခဲ့ကြတာလားလို့လေ?"

ဒီစကားတွေကြားလိုက်ရတော့ ရွာလူကြီးသည်ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ချက်ချင်းရှင်းပြလိုက်သည်။
" ပညာတတ်လူငယ်ကု မင်းအတွေးလွန်နေတာပါ ရွာသားတွေမှာဒီလိုအတွေးမျိုးမရှိပါဘူး မင်းတို့ပညာတတ်လူငယ်တွေကို အပြင်လူတွေလို့ ကျုပ်တို့တစ်ခါမှသဘောမထားခဲ့ကြပါဘူး"

အနည်းဆုံးတော့ ပညာတတ်လူငယ်တွေသည်ရွာသားတွေလို တူညီတဲ့ဆက်ဆံသဘောထားမှုမရတာကို နှစ်ဖက်စလုံးကရင်ထဲမှာသိထားကြသဖြင့် ဒီစကားကလုပ်ကြံပြောဟန်‌တူလေသည်။

ဒီအကြောင်းရင်းကိုကုရှန့်နန်နားလည်ပေမဲ့ ဒါကသူ့ရည်မှန်းချက်ပန်းတိုင်မဟုတ်တာကြောင့် အခြေအနေကိုပိုမပြင်းထန်စေချင်ပါဘူး။
" ရွာလူကြီးပြောတာကိုကျွန်တော်နားလည်ပါတယ် ဒါပေမဲ့ ရွာထဲကလူတိုင်းကဒီလိုတစ်ပုံစံတည်းနားလည်သဘောမှုရှိတာမဟုတ်ဘူးလေ ဥပမာအနေနဲ့ ရဲဘော်ကျန်းရဲ့အဖြစ်အပျက်ကိုပဲကြည့်လိုက် ရွာခံတစ်ယောက်ကသူ့ကိုဆက်တိုင်အနှောင့်အယှက်ပေးနေပြီး သူဘယ်လောက်ပဲငြင်းဆိုပါစေ အချည်းနှီးပဲဖြစ်ခဲ့တယ်

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now