Chapter 99

898 147 0
                                    

Chapter 99 –  မင်္ဂလာဧည့်ခံပွဲ
.

ပညာတတ်လူငယ်များသည်အိမ်သစ်ကိုကြည့်ပြီးနောက် အားကျမှုတစ်သိန်းနဲ့ပြန်သွားကြသည်။

ထိုစဉ် အိမ်အသစ်ကိုမပြောင်းရွှေ့ခင် လုရှနဲ့ကျန်းကျွင်းမော့မှာတော့ အိမ်အတွက်ပရိဘောဂဖြည့်ရန် ပစ္စည်းတွေပြင်ဆင်ရင်းအလုပ်များနေကြသည်။ သူတို့ကနောက်ဆုံးမှာအိမ်အသစ်အတွက် အိုးတွေ၊ ပန်းကန်လုံးတွေ၊ ယောက်ချိုဇွန်းတွေနဲ့ တခြားမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ စတင်ဝယ်ယူတော့သည်။

ဒီတစ်ခေါက်မှာ သူတို့ကပစ္စည်းတွေအတော်လေးလိုအပ်နေကြပေမဲ့ ကံကောင်းစွာနဲ့ပြီးခဲ့တဲ့အခေါက်က အပြင်မှာအတူချက်ပြုတ်စားသောက်ခဲ့စဉ်မှာ လုရှကအိုးကြီးတစ်လုံးဝယ်ဖို့အကြံပြုခဲ့တော့ ကျန်းကျွင်းမော့သည်သူ့မိသားစုကိုစက်မှုလက်မှတ်တွေ တောင်းဆိုခဲ့ရာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကရောက်လာခဲ့ပြီးဖြစ်သည်။

လက်ထဲမှာလက်မှတ်တွေနဲ့ပိုက်ဆံတွေဖြင့်ဆိုတော့ သူတို့ကအိမ်အတွက်လိုအပ်သမျှကို အလျင်အမြန်ဝယ်ခြမ်းတော့သည်။ ဒါတင်မကသေးဘူး ကျန်းကျွင်းမော့သည်ရွာလက်သမားဆရာဆီသွားကာ ဗီရိုတစ်လုံး၊ မှန်တင်ခုံတစ်ခု၊ စားပွဲတွေနဲ့ထိုင်ခုံတွေ၊ ခုံတန်းတွေအပါအဝင် ပရိဘောဂအများအပြားကိုလည်း ဝယ်ယူခဲ့သည်။ ထိုပစ္စည်းတွေကို လုရှအရင်ကဝယ်ယူထားတဲ့သေတ္တာတွေနဲ့အတူ အိမ်သစ်ကိုပို့လိုက်တော့ အိမ်ကဗလာကျင်းသလိုဖြစ်မနေတော့ပေ။

သူတို့ကနောက်ပိုင်းမှာဂေါ်ဖီထုတ်ချဉ်နဲ့အသီးအရွက်ဆားစိမ်ဖို့အသုံးပြုရန် ရည်ရွယ်ပြီး အနောက်ကအခန်းငယ်အတွက်စည်ပိုင်းကြီးနှစ်လုံးကိုပင်ပြင်ဆင်ထားခဲ့သည်။

သူတို့ကအရင်ကဒီအကြောင်းတွေကိုမသိခဲ့ပေမယ့် ဆောင်းတွင်းမှာဆို လတ်ဆတ်တဲ့အသီးအရွက်တွေရှားပါးတာကြောင့် ဂေါ်ဖီထုတ်ချဉ်နဲ့အသီးအရွက်ဆားစိမ်ကမရှိမဖြစ်လိုအပ်သည်ဟု ပညာတတ်လူငယ်များနေရာကကျန်သူတွေထံမှ ဒီတလောကမှကြားသိခဲ့ကြသည်။

လက်ရှိမှာဂေါ်ဖီထုတ်တွေမရှိတဲ့အတွက်ကိုတော့ ပူစရာမလိုပေ။ ရွာရဲ့အသီးအရွက်စိုက်ခင်းကဂေါ်ဖီထုတ်တွေရိတ်သိမ်းတဲ့အခါကျရင် သူတို့ရဲ့ဝေစုရမှာဖြစ်ပြီး အလုပ်ရမှတ်လုံလုံလောက်လောက်မရှိသူတွေအတွက်‌ကတော့ ရွာထံမှပိုက်ဆံနဲ့အနည်းငယ်ဝယ်ယူလို့ရသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now