Chapter 90

912 162 0
                                    

Chapter 90 –  သူကတွန်းချခံခဲ့ရသည်။

.

လုရှပညာတတ်လူငယ်များနေရာဆီသို့ပြန်ရောက်လာချိန်တွင် အမျိုးသမီးပညာတတ်လူငယ်တွေအားလုံးထွက်လာကြပြီး ကျန်းကျွင်းမော့ကိုသူမကျောပိုးလာတာမြင်လိုက်ရတော့ အံ့အားသင့်သွားကြသည်။

လုရှသည်နှုတ်ဆက်စကားပြောဖို့အတွက် အချိန်များများမရှိရာ ကျန်းကျွင်းမော့ကိုအမျိုးသားပညာတတ်လူငယ်တွေနေတဲ့အခန်းဆီသယ်သွားခဲ့ပြီး သူ့စောင်ကိုတွေ့လိုက်တော့ သူ့ကိုလှဲချပေးလိုက်သည်။ သူ့ကိုခြောက်သွေ့နေတဲ့အဝတ်တွေလဲပေးဖို့အတွက် တခြားအမျိုးသားပညာတတ်လူငယ်တွေကို အကူအညီတောင်းလိုက်သည်။

သူမသည်အခွင့်အရေးယူကာ မီးဖိုချောင်ကမီးဖိုတွင်အလျင်မြန်မီးမွှေးလိုက်သည်။ ခန်ကိုအရင်ဆုံးနွေးထွေးစေဖို့ လိုအပ်သည်။ မီးမွှေးပြီးထင်းပမာဏကောင်းကောင်းထည့်ပြီးနောက် ရေနွေးအိုးကိုပါတည်လိုက်ပြီး နောက်ပြီးကျရင်အအေးပျောက်စေဖို့ သူ့အတွက်ဂျင်းပြုတ်ရည်လေးချက်ပေးရန် ပြင်ဆင်လိုက်သည်။ ဒါကထိရောက်ပါ့မလားတော့သူမမသိပေ။

အရာအားလုံးပြင်ဆင်ပြီးနောက် အခန်းထဲဝင်သွားရာ ကျန်းကျွင်းမော့ကိုလီရိနဲ့တခြားသူတွေက အဝတ်လဲထားပေးပြီးပြီဆိုတာ တွေ့လိုက်ရသည်။ သူကအိပ်ရာပေါ်မှာလှဲလျောင်းနေကာ တွန့်ချိုးနေတဲ့မျက်ခုံးတွေ၊ မှိတ်စက်ထားတဲ့မျက်လုံးတွေဖြင့် အသိရှိတစ်ချက်မရှိတစ်ချက်ဖြစ်နေပေမဲ့ သူ့ခန္ဓာကိုယ်ကတော့အလိုလိုတုန်ယင်နေလျက်ရှိနေသေးသည်။

လုရှစိုးရိမ်သွားတာကြောင့် သူမဘေးကလီရိကိုပြောလိုက်သည်။
" ကျေးဇူးပြုပြီး ဆေးပေးခန်းကဆရာဝန်ကိုဒီကိုလာပြီးသူ့ကိုစစ်ဆေးပေးဖို့ သွားရှာပေးနိုင်မလား? သူ့ရဲ့လက်ရှိအခြေအနေနဲ့လှုပ်နိုင်မှာမဟုတ်ဘူး"

လီရိခေါင်းညိတ်ပြီး တုံ့ဆိုင်းမှုမရှိပဲချက်ချင်းအပြင်ထွက်သွားသည်။ လုရှသည်တစ်ယောက်တည်းကျန်နေခဲ့ပြီး သွေးမရှိပဲဖြူဖျော့နေတဲ့ကျန်းကျွင်းမော့မျက်နှာကိုကြည့်ကာ အနည်းငယ်သောကရောက်သွားသည်။ သူ့ခန္ဓာကိုယ်ကဒါကိုတောင့်ခံနိုင်ပါ့မလားဆိုတာ သူမမသိပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now