Chapter 64

1.3K 177 0
                                    

Chapter 64 –  ရေထဲပြုတ်ကျခြင်းနဲ့ကယ်တင်ခြင်း

.

ချန်းရွှယ်နဲ့ဟူကျန့်ကျွင်းတို့ရဲ့ ကြင်ဖက်တွေ့တာအောင်မြင်သွားပြီးနောက်တွင် မင်္ဂလာပွဲအတွက်နေ့ကို ၅ရက်အတွင်းအလျင်မြန်သတ်မှတ်ခဲ့ကြသည်။ ဒေသဓလေ့ထုံးတမ်းတွေအရ စုံတွဲသည်မင်္ဂလာပွဲမတိုင်ခင် အချင်းချင်းမတွေ့ကြရပေ။

ထို့ကြောင့် ဒီရက်တွေအတွင်းမှာဟူကျန့်ကျွင်းသည်မင်္ဂလာပွဲအတွက် ကိစ္စတွေပြင်ဆင်နေစဉ် ချန်းရွှယ်သည်သူမရဲ့ပစ္စည်းပစ္စယတွေကိုထုတ်ပိုးကာ ပညာတတ်လူငယ်များနေရာကသူမရဲ့ခန်းဝင်ပစ္စည်းတွေကို ပြင်ဆင်ရင်းအလုပ်များနေသည်။

ဒါပေမယ့် ယနေ့တွင်ဟူကျန့်ကျွင်းသည်ဝယ်ယူခဲ့တဲ့ပစ္စည်းတွေနဲ့ အတူမြို့မှပြန်လာစဥ်မှာပဲ မြစ်အောက်ပိုင်းကိုဖြတ်သွားချိန်၌ အော်ဟစ်သံတစ်သံကြားလိုက်ရသည်။ စစ်သားတစ်ယောက်အနေနဲ့ တစ်ခုခုဖြစ်ပျက်သွားတယ်လို့ သူ့ရဲ့အလိုလိုသည့်စိတ်ကပြောနေတာကြောင့် ဘာမှမတွေးတောပဲအလျင်အမြန်ပြေးသွားရာ ရေထဲမှာအမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရသည်။

တုံ့ဆိုင်ခြင်းအလျဉ်းမရှိဘဲ သူမကိုကယ်တင်ရန်မြစ်ထည်ခုန်ဆင်းသွားလိုက်သည်။ ဒါပေမယ့် မြစ်ထဲကအမျိုးသမီးသည် သူကသူမရဲ့တစ်ခုတည်းသောအသက်ကယ်ကြိုးဖြစ်သကဲ့သို့ သူ့ကိုကုပ်ကတ်ဖက်တွယ်ထားပုံရမယ်လို့ မထင်ထားခဲ့ပေ။ သူမကသူအနားရောက်လာတာကိုမြင်လိုက်ချိန်တွင် သူ့ကိုယ်ပေါ်ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားရာ ကယ်တင်ရန်ပိုခတ်ခဲသွားစေသည်။

သူမကိုမြစ်ကမ်းနားကိုဆွဲခေါ်လာခဲ့ဖို့ သူ့မှာအားအတော်စိုက်ခဲ့ရသည်။ ဒါပေမဲ့ မြစ်ကမ်းနဖူးပေါ်မှာတောင် အမျိုးသမီးကကြောက်လန့်နေသေးပုံရပြီး သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည်။

ထိုအချိန်တွင် ဆူညံသံတွေကိုကြားသွားတဲ့ တခြားရွာသားတွေလည်း အပြေးအလွှားရောက်လာကြသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ကြရတော့ အားလုံးအံ့အားသင့်သွားကြပြီး ပြောစရာစကားရှာမတွေ့ကြတော့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now