Chapter 20

2.1K 264 4
                                    

Chapter 20 – လုရှရဲ့အကြံအစည်

" ဘာလို့မသင့်တော်ရမှာလဲ? အလုပ်ကိုလူစားထိုးတာပုံမှန်ပဲလေ နင်ကအလုပ်ကိုရောင်းစားနေတာမှမဟုတ်တာ ပြီးတော့ ဒါကနင့်အစ်မအရင်းအတွက်လေ"
အမေလုပြောလိုက်သည်။

ထိုအချိန်တွင် အမေလုမျက်နှာနက်မှောင်သွားပြီး ဒေါသတကြီးဖြင့်  " ဘာလဲ? နင့်အစ်မကိုမပေးချင်လို့လား?"

" မဟုတ်ပါဘူး"
လုရှခေါင်းခါလိုက်တယ်။

" မီးသီးစက်ရုံမှာလက်ထောက်ဒါရိုက်တာအသစ်ရောက်နေတာ သူတို့ကအလုပ်သမားတွေအတွက်တင်းကြပ်တဲ့လိုအပ်ချက်တွေရှိတယ်လို့ ကျွန်မကြားမိလို့ပါ ဝန်ထမ်းအားလုံးကစာမေးပွဲရလာဒ်အပေါ်မူတည်ပြီး ဝင်ခွင့်ရမှာ ဒါ့ကြောင့်ကျွန်မအောင်မြင်ခဲ့တာပဲ"

ဒီစကားကြားလိုက်ရတော့ လုမိသားစုသည် နောက်ဆုံးမှာသဘောပေါက်သွားကြသည်။

ဒီလိုကောင်းမွန်တဲ့အလုပ်တစ်ခုကို ဘာကြောင့်တခြားစက်ရုံကခေါင်းဆောင်ရဲ့ ကလေးအတွက်သီးသန့်ဖယ်မထားပေးပဲ သူတို့မိသားစုကလုရှဆီရောက်သွားပါလိမ့်လို့ သိချင်ခဲ့ကြတာ။ ဆိုတော့ ဒါကြောင့်ကိုး။

" ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ခေါင်းဆောင်ကအကောင်းဆုံးအလုပ်တွေကို စီမံခန့်ခွဲနိုင်သင့်တာမဟုတ်လား? တိုင်းပြည်မှာ ဆွေမျိုးသားချင်းတွေနဲ့အလုပ်ကိုလူစားထိုးဖို့ ခွင့်ပြုပေးထားတာပဲ!"
အမေလု တိုက်ရိုက်ပြောလိုက်သည်။

ဒီစကားကြားလိုက်ရတော့ လုရှခေါင်းညိတ်လိုက်ပြီး " ဟုတ်ပါတယ် ခွင့်ပြုထားတယ် ဒါပေမဲ့ ကျွန်မကတာဝန်အတွက်သတင်းမပို့ရသေးဘူးလေ ကျွန်မအလုပ်စမဆင်းရသေးတာကို သူတို့သိသွားရင် တခြားတစ်ယောက်ကိုပေးပစ်လိုက်မှာ စိုးရိမ်မိတယ် ကျွန်မကိုသူတို့မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ? ဘာပဲဖြစ်ဖြစ် သူတို့ကအမှတ်ကောင်းကောင်းရတဲ့လူကို လိုချင်တာလေ ကျွန်မအနောက်ကတစ်ယောက်ကိုတောင် အစားထိုးလိုက်နိုင်တယ်"

သူမရဲ့ရှင်းပြချက်ကိုကြားလိုက်ရတော့ လုမိသားစုဝင်တွေ ထိတ်လန့်အံ့အားသင့်သွားကြသည်။ အမှန်ပဲ ဒီလိုဖြစ်နိုင်ချေရှိတယ်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now