Chapter 81

1K 190 2
                                    

Chapter 81 –  အပြန်အလှန်ဂရုဏာသက်ခြင်း
.

ပညာတတ်လူငယ်များနေရာမှာ လူအနည်းငယ်ပဲရှိရာ လုရှနဲ့အဆက်အဆံရှိတဲ့သူသိပ်မများပေ။ အထူးသဖြင့် အမျိုးသားပညာတတ်လူငယ်များကြားမှာပင်။ သူတို့ကသူမကိုထိခိုက်စေဖို့ ဒီလိုနည်းလမ်းတွေအသုံးပြုမှာက ဖြစ်နိုင်ချေမရှိပေ။

ထို့ကြောင့် ဒီလူကအမျိုးသမီးပညာတတ်လူငယ်တွေထဲကတစ်ယောက်ပဲဖြစ်ရပေမည်။ ပညာတတ်လူငယ်အဟောင်းတွေကလည်း လုရှသည်သူတို့နဲ့ဆက်ဆံရေးကောင်းပြီး အငြင်းအခုန်တွေမရှိထားတာကို ထောက်ဆရလျှင် ဖြစ်နိုင်ခြေမရှိပေ။ ပညာတတ်လူငယ်အသစ်တွေအတွက်ကတော့ စူးမန့်နဲ့ချန်ယွီကျောင်းပဲကျန်သည်။

စူးမန့်ကလည်းဖြစ်နိုင်ခြေမရှိပေ။ အရင်တုန်းက အပြင်ပြောင်းနေဖို့သူမရဲ့အဆိုပြုချက်ကို ငြင်းပယ်ခဲ့တာအပြင် လုရှသည်သူမနဲ့သာမန်ဆက်ဆံရေးကိုထိန်းသိမ်းထားသည်။ ထို့ပြင် မူလအမျိုးသမီးဇာတ်လိုက်ကို ထိခိုက်စေဖို့ဘာတစ်ခုမှမလုပ်ခဲ့တာကြောင့် သူမမဖြစ်နိုင်လောက်ပေ။

ဒါဆို ချန်ယွီကျောင်းတစ်ယောက်ပဲကျန်တော့သည်။

ဒါပေမဲ့ လုရှသည်ချန်ယွီကျောင်းနဲ့သူမပတ်သတ်ဆက်ဆံမှုတစ်ခုကိုမှ ပြန်စဉ်းစားကြည့်လို့မရပေ။ ချန်ယွီကျောင်းကသူမရဲ့ 'သတို့သားလောင်း' လို့ခေါ်တဲ့ ကုရှန့်နန်နဲ့ပင်မပတ်သတ်မိအောင် သူမရှောင်ကြဉ်ခဲ့ပါသည်။ သူမကိုဖျက်ဆီးပစ်ဖို့ ဒီလိုနည်းလမ်းတွေသုံးလာရလောက်တဲ့အထိ သူမကချန်ယွီကျောင်းကို ဘာတွေများဆန့်ကျင်ခဲ့မိလို့လဲဆိုတာ သူမသိချင်မိသည်။

ထိုအကြောင်းတွေးရင်းနဲ့ လုရှသည်မဆဲမိပဲမနေနိုင်ပေ။ " အရူးမ! သူရူးနေတာပဲဖြစ်မယ်!"

သူမစကားတွေကိုကြားလိုက်ရတော့ ကျန်းကျွင်းမော့သည် သူမဘယ်သူ့ကိုတွေးမိသွားလောက်လဲဆိုတာ သိလိုက်ပါသည်။

" မင်းဘာလုပ်မလဲ?" သူမေးလိုက်သည်။

သူ့မေးခွန်းကိုကြားပြီးနောက် လုရှသည်တုံ့ဆိုင်းသွားသည်။ ချန်ယွီကျောင်းကကျွမ်းဟုန်မိန်နဲ့မတူတာကြောင့် သူမကကျွမ်းဟုန်အပေါ်သုံးတဲ့နည်းကို ချန်ယွီကျောင်းအပေါ်သုံးလို့မရပေ။ ကျွမ်းဟုန်မိန်သည်နောက်ခံမရှိပုံရတာကြောင့် သူမရဲ့လက်တုံ့ပြန်မှုကိုကြောက်စရာမလိုပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now