Chapter 78

965 177 0
                                    

Chapter 78 –  အနောက်ကအလိုက်ခံရခြင်း

.

ကံကောင်းစွာနဲ့ ဆောင်းဦးသီးနှံရိတ်သိမ်းချိန်သည် အချိန်အကြာကြီးမဟုတ်ပဲ တစ်ပတ်ခန့်သာကြာခဲ့သည်။

ရွာသားတွေသည် လုံ့လဝီရိယရှိရှိအလုပ်လုပ်ခဲ့ကြပြီး နောက်ဆုံးတွင်ကောက်ပဲသီးနှံတွေရိပ်သိမ်းခြင်းပြီးစီးသွားလေသည်။ လက်တလောတွင် စပါးချွေပြီး အခြောက်ခံရန်မိုးမရွာတဲ့ရာသီဥတုကိုအခွင့်ကောင်းယူကာ တလင်းပြင်မှာအစေ့အဆန်တွေကိုအခြောက်ခံထားသည်။

ရက်အနည်းငယ်အခြောက်ခံပြီးနောက် ပြောင်းဖူးတွေခြောက်တွေ့သွားချိန်တွင် လုရှနဲ့ကျန်သူတွေမှာ တစ်ဖန်အလုပ်များလာကြသည်။ ဒီတစ်ခေါက်မှာတော့ သူတို့မှာညစာထမင်းစားပြီးနောက် အနားယူဖို့အချိန်ပင်မရှိပဲ စက်ပစ္စည်းတွေမရှိသည့်အတွက် ပြောင်းစျေးတွေကိုလက်ဖြင့် ခပ်သွက်သွက်ခြွေကြရသည်။

အကြိမ်တိုင်းမှာလုရှရဲ့လက်တွေနာကျင်ကိုက်ခဲ့ရပေမယ့် တခြားရွေးချယ်စရာမရှိဘူး လူတိုင်းကသူမသာကိုယ်မသာပင်ရှိနေကြသည်။

ကံကောင်းစွာနဲ့ တဖြည်းဖြည်းချင်းနည်းစနစ်ကိုကျွမ်းကျင်လာပြီးနောက်မှာ အနည်းငယ်ပိုကောင်းမွန်လာပါသည်။

ဒါပေမဲ့ သူတို့တွေသည်ညပိုင်းမှာအလုပ်လုပ်ရတာကြောင့် လုရှသည်ပြီးခဲ့တဲ့နှစ်ရက်တွင် အလုပ်သွားချိန်နဲ့ပြန်လာချိန်မှာ တစ်ယောက်ယောက်ကသူမနောက်လိုက်နေတယ်လို့ ခံစားနေရသည်။ စိတ်ဝိဉာဥ်စမ်းရေကိုနေ့တိုင်းသောက်ပြီးနောက်မှာ သူမရဲ့တုံ့ပြန်နိုင်မှုသည် မြင့်တက်လာခဲ့သည့်အတွက် သူမရဲ့အလိုလိုသိစိတ်ကမမှားဘူးဆိုတာကို ယုံကြည်ချက်ရှိသည်။

ဒါပေမဲ့ လူတစ်ယောက်ကိုမမြင်နိုင်အောင် မှောင်မည်းလွန်းနေပေမဲ့ သတိလွှတ်ချပြီးမနေနိုင်ပေ။ ထို့ကြောင့် ထိုအချိန်ကစပြီး သူမသည်အမြဲတမ်း လူတိုင်းနဲ့အတူအပြင်ထွက်ပြီး ဘယ်တော့မှတစ်ယောက်တည်းလမ်းမလျှောက်ခဲ့ပေ။

မည်သည့်အဖြစ်အပျက်မှမရှိပဲ ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ အစိုးရကိုလွှဲပြောင်းပေးရမည့် ပြောင်းပမာဏကိုခြွေလှေ့ပြီးစီးသွားပြီးနောက်တွင် ကျန်တာတွေကရွာသားတွေနဲ့ပဲဆိုင်တော့သည်။ သူတို့ကအာရုံတက်ချိန်ကနေ နေဝင်ရီတရောအချိန်ထိ အပြေးအလွှားအလုပ်လုပ်စရာမလိုတော့ပေ။ နောက်ဆိုသူတို့ကအချိန်ယူပြီး နေ့ဘက်အတွင်းမှာပဲအလုပ်လုပ်လို့ရနိုင်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now