Chapter 31

2K 261 3
                                    

Chapter 31 – ခရီးပန်းတိုင်သို့နီးကပ်လာခြင်း

ဒီနေရာကိုရောက်ပြီးနောက် တွဲထဲမှပညာတတ်လူငယ်အများစုသည် ရထားပေါ်မှဆင်းကြသည်။

လုရှသည်ကင်းဗတ်အိတ်ကြီးနှစ်လုံးသယ်ဖို့ရုန်းကန်ကာ ရထားပေါ်မှတိုးဝှေ့ဆင်းလိုက်သည်။

ပြန်လှည့်ကြည့်လိုက်တော့ ကုရှန့်နန်သည်သူ့ခရီးဆောင်သေတ္တာကိုသယ်ထားရုံသာမက စူးမန့်အိတ်ကိုပါကူသယ်ထားပေးကြောင်း တွေ့လိုက်ရသည်။ ကျန်းကျွင်းမော့သည်လည်းအောက်ဆင်းဖို့ရုန်းကန်ကြိုးစားနေရပြီး သူမထက်ပင်ခွန်အားနည်းပါးပုံရသည်။

နောက်ဆုံးတွင် ရထားပေါ်မှဆင်းလိုက်နိုင်ပြီးနောက် လုရှသည်အသက်တစ်ဝက်လောက်ကုန်သွားသလို ခံစားလိုက်ရသည်။ ရထားပေါ်ကဆင်းပြီးတာနဲ့ အနီးနားကလူတွေသည် ပညာတတ်လူငယ်တွေကိုအော်ခေါ်နေကြတာကို ကြားလိုက်ရသည်။ လုရှနဲ့ကျန်သူတွေချဉ်းကပ်သွားကြတော့ ထိုသူတွေကသူမတို့ကိုကြိုဖို့ ရွာနဲ့မြို့ငယ်အမျိုးမျိုးမှစေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ရှားယွမ်မြို့မှလူကို သူမအလျင်မြန်ရှာတွေ့သွားခဲ့ပြီး ကုရှန့်နန်နဲ့စူးမန့်လည်းရောက်လာကြတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ သူမလှည့်ကြည့်လိုက်တော့ ဖြူဖျော့နေတဲ့မျက်နှာနဲ့ အတော်လေးစိုးရိမ်ဖွယ်ကောင်းပုံပေါက်နေသည့် ကျန်းကျွင်းမော့ကိုတွေ့လိုက်သည်။

ကုရှန့်နန်လည်သတိပြုမိသွားပြီး စိုးရိမ်စွာမေးလိုက်သည်။
" ရဲဘော်ကျန်း အဆင်ပြေရဲ့လား?"

ကျန်းကျွင်းမော့မျက်နှာသည်ချွေးအေးတစ်လွှာဖြင့် ဖုံးအုပ်နေပေမဲ့ ခေါင်းခါပြလိုက်တုန်းပါပဲ။
" ကျွန်တော်အဆင်ပြေပါတယ်"

ကုရှန့်နန်သည်ခေါင်းညိတ်ပြကာ လူတိုင်းရဲ့ခရီးဆောင်အိတ်တွေကို သူတို့ကိုလာကြိုတဲ့ထော်လာဂျီအပေါ်ကူတင်ပေးလိုက်သည်။

ဒီတစ်ခေါက်တွင် ပညာတတ်လူငယ်အတော်များများရောက်လာကြပြီး သူတို့မြို့လေးတစ်ခုတည်းကအယောက်သုံးဆယ်ကျော်ပါသည်။ ခရီးဆောင်အိတ်ကိုယ်စီနဲ့လူတိုင်းကို သယ်ယူပို့ဆောင်ရန် ထော်လာဂျီနှစ်စီးအသုံးပြုခဲ့ရသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now