Chapter 67

1.1K 184 4
                                    

Chapter 67 –  အမေဟူရဲ့စကားများ
.

လူတိုင်းသည်ဆွေးနွေးနေကြစဉ် အဒေါ်ကြီးတစ်ယောက်အပြေးအလွှားရောက်လာခဲ့သည်။

ကျိုးလိုင်အာကိုလက်ထပ်မယ်ဆိုတဲ့ ဟူကျန့်ကျွင်းရဲ့ကြေငြာချက်ကိုကြားလိုက်ရတဲ့အခါ သူမကချက်ချင်းကန့်ကွက်လိုက်သည်။

" ငါသဘောမတူဘူး! ဒီပညာတတ်လူငယ်ကျိုးကိုမင်းလက်ထပ်မှာငါသဘောမတူဘူး မင်းစကားတွေကိုပြန်ရုတ်သိမ်းလိုက်စမ်း ပညာတတ်လူငယ်ချန်းနဲ့လက်ထပ်လိုက်ကြရအောင် ပညာတတ်လူငယ်ချန်းကိုပဲငါ့ချွေးမဖြစ်စေချင်တယ်!"

ဒီစကားတွေကြားလိုက်ရတော့ ကျိုးလိုင်အာသည်ပို၍ပင်နှလုံးကွဲကြေသွားကာ နောက်တစ်ကြိမ်ထပ်ပြီး သေခြင်းရှင်ခြင်းကိုရှာဖွေလိုက်ပြန်သည်။

ဟူကျန့်ကျွင်း မျက်မှောင်ကျုံ့သွားပြီး " အမေ ကျွန်တော်စိတ်ဆုံးဖြတ်ပြီးသွားပြီ ဒီကိစ္စကအတည်ဖြစ်သွားပြီ အမေ ပညာတတ်လူငယ်ကျိုးကို သေဖို့ဖိအားပေးချင်နေတာလား?"

ဒီစကားတွေကြားလိုက်ရတော့ အမေဟူသည်မှင်သက်အံ့ဩသွားခဲ့သည်။ သူမသားဖြစ်သူရဲ့လတ်တလောရာထူးတိုးအကြောင်း တွေးလိုက်ပြီး မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုကိုမှ မဖြစ်ပျက်စေချင်ပေ။ သူမသည်အနည်းငယ်မသေချာမရေရာသလို ခံစားရပေမယ့် ဒီပညာတတ်လူငယ်ကျိုးကိုတော့ အမှန်တကယ်သဘောမကျပေ။

သူမကကူကယ်ရာမဲ့စွာဖြင့် မျက်ရည်တွေသုတ်ကာပြောလိုက်သည်။
" စေတနာကောင်းတွေကတော့အမြဲတမ်းကောင်းမွန်တဲ့ရလဒ်မရဘူးဆိုတဲ့စကားက တကယ်မှန်တာပဲ လူတစ်ယောက်ကိုကယ်လိုက်တာက ဒီလောက်ပြဿနာတွေအများကြီးကိုဖြစ်စေတယ် နောက်ဆို ဘယ်သူကသူများတွေကိုကယ်ပေးရဲတော့မှာလဲ? ရွာထဲကတစ်ယောက်ယောက်ကမိန်းကလေးတစ်ယောက်ကိုသဘောကျမိရင် အဲဒီမိန်းကလေးကိုမြစ်ထဲတွန်းချပြီး ကယ်ပေးလိုက်ရုံပဲမဟုတ်ဘူးလား အဲဒီမိန်းကလေးရဲ့ဂုဏ်သိက္ခာညှိုးနွမ်းသွားမှာဖြစ်တဲ့အတွက် သူ့မှာလက်ထပ်ဖို့ကလွဲပြီးရွေးချယ်စရာရှိမှာမဟုတ်တော့ဘူးပေါ့"

သူမစကားတွေပြောလို့ဆုံးသွားတာနဲ့ ရွာထဲကသမီးတွေရှိတဲ့မိသားစုတွေသည် ကြောက်ရွံ့မှုကိုခံစားလိုက်ကြရသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now