Chapter 34

1.7K 216 0
                                    

Chapter 34 – တရေးအိပ်ခြင်း

.

သူမတို့တွေနေရာကျသွားပြီးတာနဲ့ စွင်းရှန်းနန်သည်သူမတို့ကိုနည်းနည်းပါးပါးမှာကြားပြီးနောက် အလုပ်ဆီပြန်သွားသည်။

လုရှဘက်တွင် အိပ်ရာခင်းနဲ့စောင်တွေထုတ်ပြီးဖြန့်ခင်း၍ အသုံးပြုနိုင်မဲ့ပစ္စည်းတွေထုတ်ယူကာ ကျန်တာတွေကိုတော့မထိတွေ့ပဲချန်ထားပြီး အိတ်ထဲမှာဆက်သိမ်းဆည်းထားလိုက်သည်။ ကင်းဗတ်အိတ်ကြီးနှစ်လုံးကို အတူထားကာ ခန်ရဲ့မျက်နှာချင်းဆိုင်ကပြတင်းပေါက်အနီးမှာထားလိုက်တာကြောင့် လမ်းပိတ်တော့မှာမဟုတ်ပေ။

ရွာထဲမှာသေတ္တာပြုလုပ်တတ်သူရှိလားလို့မေးမြန်းပြီး တစ်လုံးဝယ်ယူရန်တွေးလိုက်သည်။ အခန်းထဲတွင်သူများဟာဖြစ်ဟန်တူသည့် သေတ္တာတစ်လုံးကိုသူမသတိပြုမိသည်။

ထို့နောက် ရေဇလုံတစ်လုံးထုတ်ယူကာ ဆေးကြောသန့်စင်ရန်ရည်ရွယ်ပြီး ရေအနည်းငယ်ခပ်ရန်အပြင်ထွက်သွားသည်။ တစ်ညလုံးရထားပေါ်မှာထိုင်ခဲ့ပြီးနောက်မှာ ညဖက်ကောင်းကောင်းအိပ်ခဲ့ရခြင်းမရှိပဲ ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်သလို ခံစားရသဖြင့် လှဲလျောင်းပြီးခဏအနားယူရန်ကြံလိုက်သည်။

ပညာတတ်လူငယ်များနေရာရဲ့ခြံဝင်းထဲမှာအဝီစိတွင်းတစ်ခုရှိပြီး အတော်လေးသုံးရအဆင်ပြေသည့် ခေတ်ဟောင်းပုံစံလက်နှိပ်တုံကင်ဖြစ်သည်။ လက်အားသုံးပြီးရေဆွဲစရာမလိုပေ။

လုရှရေဇလုံနဲ့ထွက်လာချိန်တွင် ကျန်းကျွင်းမော့လည်းထိုနေရာမှာ မျက်နှာသစ်နေတာကိုမြင်လိုက်ရသည်။ အခုချိန်မှာသူကအများကြီးပိုသက်သာလာပုံရသည်။

သူမတို့ကတစ်လမ်းလုံးခရီးအတူသွားခဲ့ကြသည့်အတွက် လုရှသည်သူ့ကိုလျစ်လျူမရှုပစ်လိုက်နိုင်ပဲ စိတ်ပူမှုကိုပြသလိုက်သည်။
" ရှင်ပိုသက်သာလာပြီလား? ဆေးယူဖို့ဆေးပေးခန်းဆီသွားဖို့လိုလား?"

ကျန်းကျွင်းမော့ခေါင်းခါလိုက်သည်။
" မလိုပါဘူး အနားယူဖို့ပဲလိုတာပါ"

လုရှခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ သူမသည်ရေတုံကင်ရဲ့လုပ်ငန်းစဉ်ကို ခဏလောက်လေ့လာကြည့်လိုက်ပြီး နားလည်သွားတာနဲ့ ရေဇလုံကိုဖြည့်ပြီး အခန်းဆီပြန်လာခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now