Chapter 70

1.6K 236 1
                                    

Chapter 70 –  ကျိုးလိုင်အာရဲ့မင်္ဂလာပွဲ

.

လက်ရှိတွင် ပညာတတ်လူငယ်များလူငယ်များနေရာသည် အတော်လေးတိတ်ဆိတ်နေပြီး လူတိုင်းသည်မနက်ကအဖြစ်အပတက်ကြောင့် သက်ရောက်မှုခံနေရဆဲဖြစ်နိုင်ကာ အတော်လေးနှုတ်ဆိတ်နေကြသည်။

လုရှအခန်းထဲဝင်လာချိန်တွင် ကျိုးလိုင်အာသည်ယွီဖန်းအိပ်လေ့ရှိတဲ့နေရာမှာ လှဲလျောင်းနေတာကိုမြင်လိုက်ရသည်။ သူမပဟေဠိဖြစ်သွားပေမဲ့ လတ်တလောတွင်အခန်းထဲမှာဘယ်သူမှမရှိတာကြောင့် ထိုနောက်ကွယ်ကအကြောင်းရင်းကို မသိခဲ့ရပေ။

အခန်းထဲတွင်ခဏတဖြုတ်နေပြီးနောက် လုရှသည်လျှော်ဖို့လိုတဲ့အဝတ်အစားတွေကိုယူကာ မြစ်ကမ်းနံဘေးကိုထွက်လာခဲ့ပြီး ရှန်ချင်းချင်းနဲ့ဆုံလိုက်သည်။ သူမရှန်ချင်းချက်းကိုမေးမြန်းကြည့်လိုက်ရာ သူမတို့မြို့ကိုထွက်သွားကြတော့ ကျိုးလိုင်အာကိုရွာသားတွေက ပြန်လာပို့ပေးသွားခဲ့ကြောင်း သိလိုက်ရသည်။

နောက်တော့ ဟူကျန့်ကျွင်းလည်းရောက်လာသည်။ သူကချန်းရွှယ်နဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန်လာခဲ့သည်။ ချန်းရွှယ်သည်မလိုလားပေမဲ့ ဒီအခြေအနေကိုသူမမပြောင်းလဲပစ်နိုင်ခဲ့ပေ။

နောက်တော့ ဟူကျန့်ကျွင်းထွက်သွားပြီး ချန်းရွှယ်နဲ့ကျိုးလိုင်အာတို့ရန်ဖြစ်ခဲ့ကြသည်။ ချန်းရွှယ်သည်ရုပ်ပိုင်းဆိုင်ရာ အားနည်းနူးညံ့သူဖြစ်ပေမဲ့ ကျိုးလိုင်အာသည်လည်းမြစ်ထဲခုန်ချ၊ တစ်မနက်လုံးငိုကြွေးထားပြီး အများကြီးဖြတ်ကျော်ခဲ့ရရာ သူမမှာလည်းအားသိပ်မကျန်တော့ပေ။

နှစ်ယောက်သားကညီတူမျှတူလက်ရည်တူခဲ့ကြပြီ နောက်ဆုံးမှာတခြားသူတွေဝိုင်းခွဲပေးလိုက်ကြပေမဲ့ တစ်ခန်းထဲအတူဆက်မနေတော့ပေ။ နောက်တော့ စွင်းရှန်းနန်ကကျိုးလိုင်အာနဲ့ယွီဖန်းတို့ကို အခန်းလဲကြဖို့အတွက် ဆုံးဖြတ်ပေးခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမကရက်အနည်းငယ်အတွင်းမှာလက်ထပ်တော့မှာဖြစ်ပြီး အဲ့ဒီအခါကျလူငါးယောက်ရှ်ိတဲ့လုရှတို့အခန်းသည်လည်း နောက်တစ်ခန်းကိုပြောင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ကျိုးလိုင်အာကသူမတို့အခန်းထဲရှိနေတာပင်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Wo Geschichten leben. Entdecke jetzt