Chapter 26

2K 274 7
                                    

Chapter 26 – ထွက်ခွာခြင်း

ဟုတ်ပါတယ် လုရှရောက်မလာခင်က မူလကိုယ်မှာဝတ်လို့ရတဲ့အင်္ကျီနှစ်ထည်ပဲရှိပါသည်။ တစ်ထည်မှာအဖာအစပ်တွေအများအပြားရှိပြီး သူမမကြာခဏဝတ်လေ့ရှိကာ နောက်တစ်ထည်မှာတော့အဖာအစပ်တွေပိုနည်းသဖြင့် ဝတ်ဖို့နှမြောနေခဲ့သည်။ ကျေးလက်မှာအလုပ်လုပ်တဲ့အခါဝတ်ဆင်ဖို့ ထိုနှစ်ထည်လုံးယူသွားရန် ကြံရွယ်ထားသည်။

တကယ်တော့ ဒီရက်တွေမှာသူမကအဝတ်အထည်လက်မှတ်တစ်ချို့ကို တဖြေးဖြေးနဲ့ရရှိထားပြီး ချည်သားတစ်ချို့ကိုဝယ်ယူခဲ့ကာ နေရာလွတ်ထဲမှာသိမ်းဆည်းထားသည်။

ဒါတွေအပြင် အတွင်းခံအစုံတစ်ချို့ကိုလည်းဝယ်ယူခဲ့သည်။ ဒီခေတ်မှာ အတွင်းခံဆိုတာက စွပ်ကျယ်အကြီးကြီးတွေသာဖြစ်ပေမဲ့ တစ်ခုခုရှိနေတာက ဘာမှမရှိနေတာထက်တော့ပိုကောင်းပါသည်။ ဒါပေမဲ့ သူမသည်ဒါတွေကိုနေရာလွတ်ထဲမှာသိမ်းထားပြီး မထုတ်ယူခဲ့ပေ။

နောက်ဆုံးတွင် လုရှသည်သူမရဲ့ပစ္စည်းပစ္စယလေးတွေကို အလျင်မြန်ထုတ်ပိုးလိုက်ပြီး ဂွမ်းစောင်နှစ်ထည်ကိုပါ ထုတ်ပိုးလိုက်သည်။ စုပေါင်းလိုက်တဲ့အခါ ကင်းဗတ်အိတ်တစ်လုံးမပြည့်တပြည့်ပဲရှိသည်။ တကယ့်ကိုနည်းနည်းလေးမှနည်းနည်းလေးရယ်။

သူမသက်ပြင်းရှိုက်လိုက်ပြီး အဲ့ဒီနောက် အထက်‌တန်းကျောင်းစာအုပ်တွေကိုပါ ထည့်ဖို့တွေးလိုက်သည်။

ဒါတွေသည်လုချွမ်ရဲ့စာအုပ်တွေဖြစ်သည်။ မူလကိုယ်မှာစာအုပ်တစ်အုပ်မှမရှိတာကြောင့် ကျောင်းသွားနိုင်ခဲ့သည်ကပင် လုံလောက်အောင်ကောင်းနေပါပြီ။ လုချွမ်နဲ့စာအုပ်တစ်စုံတည်းသုံးခဲ့ရပေမဲ့ အခုလုချွမ်ကကျောင်းပြီးသွားပြီဆိုတော့ ဒါတွေကိုထပ်လိုအပ်တော့မှာမဟုတ်လောက်ပေ။

သူမထိုစာအုပ်တွေကို ချက်ချင်းသွားယူလိုက်ကာ ထုတ်ပိုးလိုက်သည်။ သူမထုတ်ပိုးနေချိန်မှာ လုချွမ်မြင်လိုက်ပေမဲ့ ဘာမှတော့မပြောခဲ့ပေ။ ထို့ကြောင့် လုမိသားစုကနောက်ဆုံးညသည် ထိုကဲ့သို့ပင်ကုန်ဆုံးသွားသည်။

နောက်တစ်နေ့တွင် မိသားစုဝင်များသည်ခါတိုင်းကဲ့သို့ပင် ကျောင်းနဲ့အလုပ်သို့သွားကြသည်။ လုချွမ်သည်လည်း မိသားစုထဲမှာကျေးလက်သွားတော့မဲ့သူတစ်ယောက်ရှိတာကို မေ့သွားသည့်အလား အစောကြီးထွက်သွားခဲ့သည်။ သူမကိုလိုက်ပို့ကြဖို့နေနေသာသာ သတိလေးပင်မပေးခဲ့ကြပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now