Chapter 73

1K 164 0
                                    

Chapter 73 –  နားလည်ရခက်သော
.

မကြာခင် လုရှသည်နိုင်ငံပိုင်စားသောက်ဆိုင်သို့ရောက်လာသည်။ စားသောက်ချိန်ဖြစ်ရာ အထဲတွင်လူတွေအတော်များများရှိနေကြသည်။

လုရှသည်အသားနဲ့အသီးအရွက်တွေရောင်းချနေသည့် စားပွဲကိုမြင်လိုက်ရတော့ အလျင်အမြန်သွားမှာယူလိုက်သည်။
" ရဲဘော် ကျွန်မဝက်သားနှပ်တစ်ပွဲနဲ့ ထမင်းတစ်ပန်းကန်လိုချင်ပါတယ်"

ဒါပေမဲ့ ထိုင်နေတဲ့စားပွဲထိုးသည် စာအုပ်တစ်အုပ်ထဲအာရုံနစ်မြုပ်နေသကဲ့ သူမကိုတစ်ချက်ပင်ကြည့်မလာသလို လှုပ်ရှားမလာပေ။ လုရှသည်ကျယ်လောင်စွာ အမှာကိုနှစ်ကြိမ်နှစ်ခါထပ်ကျော့ပြောပြီးခါမှ နောက်ဆုံးမှာစားပွဲထိုးကမော့ကြည့်လာပြီး သူမကိုအေးစက်စွာငွေပေးချေဖို့ပြောကာ အဲ့ဒီနောက်လျစ်လျူရှုသွားသည်။

လုရှ: ....ပေကျင်းကစားပွဲထိုးတွေကဒီလိုမမောက်မာဘူးလားလို့။

ဒါပေမဲ့ သူမပြဿနာမရှာချင်တာကြောင့် ငွေပေးချေပြီးနောက် စားပွဲတစ်လုံးရှာဝင်ထိုင်လိုက်သည်။ သိပ်မကြာခင်မှာပဲ စားပွဲထိုးအော်ခေါ်သံကြားလိုက်ရသည်။
" ဝက်သားနှပ်ရပြီ ကိုယ့်ဘာသာကိုယ်လာယူပါ"

လုရှသည်ပြောစရာကင်းမဲ့သွားပြီး မှာထားတာကိုသွားယူလိုက်သည်။ သူမတစ်လုတ်ကိုက်မြည်းကြည့်လိုက်သည်။ အင်း အရသာကတော့သာမာန်ပဲဆိုပေမဲ့ သာမာန်လူတွေချက်ပြုတ်နိုင်တာထက်တော့ သာပါသေးတယ်။ သူမ၂၁ရာစုမှာစားခဲ့တာနဲ့တော့ မယှဉ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူမအကုန်စားပစ်လိုက်ပါ‌သည်။ ဘာပဲဖြစ်ဖြစ် အသားပဲလေ။

သူမသည်ရက်အနည်းငယ်ခြားတိုင်း ကျန်းကျွင်းမော့နဲ့အတူအစားအသောက်အခြေအနေကို မကြာခဏတိုးမြှင့်တတ်တယ်ဆိုသော်ငြား အသားကိုအာသီသရှိနေတုန်းပါပဲ။ လုရှသည်စားသောက်ပြီးနောက် နိုင်ငံပိုင်စားသောက်ဆိုင်မှထွက်သွားတော့မည့်အချိန်တွင် လက်ထဲမှာတစ်ခုခုကိုင်ထားပြီး ဆိုင်ထဲဝင်လာတဲ့စူးမန့်ကိုတွေ့လိုက်ရသည်။

သူမကလည်းလုရှကို ဒီမှာမြင်လိုက်ရတော့ အံ့အားသင့်သွားခဲ့ပြီး တစ်ချက်ကြည့်လိုက်တော့ လုရှအထဲကထွက်လာဖြစ်ကြောင်းသဘောပေါက်သွားကာ မေးလိုက်သည်။
" စားပြီးပြီလား?"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now