Chapter 89

1K 173 0
                                    

Chapter 89 –  ကျန်းကျွင်းမော့သည်ရေနစ်လုနီးပါး
.

နောက်တစ်ရက်တွင်  ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးခါစဖြစ်တာကြောင့် ရွာထဲမှာလုပ်စရာအလုပ်များများစားစားမရှိပေ။ ထို့ပြင် လူအများအပြားသည်ဆောင်းဦးရိတ်သိမ်းချိန်ကိုအပြေးအလွှားအဆုံးသတ်ခဲ့ရတာကြောင့် ခြေကုန်လက်ပန်းကျနေကြသဖြင့် လတ်တလောတွင်အလုပ်မလုပ်ပဲ အနားယူနေကြသည်။

ဒါပေမဲ့ လုရှမနက်ခင်းနိုးလာချိန်တွင် အပူချိန်အနည်းငယ်ကျဆင်းနေသလိုခံစားလိုက်ရသည်။ အပြင်ဘက်တွင်အေးစိမ့်ရာ အပြင်ထွက်လိုက်ချိန်မှာ မတုန်ယင်သွားပဲမနေနိုင်ပေ။ သူမအထဲပြန်ဝင်ပြီး အပြင်မထွက်ခင်အဝတ်အစားတွေထပ်ဝတ်လိုက်သည်။

သူမအပြင်ရောက်တော့ ‌ကျန်းကျွင်းမော့သည်ဂွမ်းကတ်အနွေးထည်ဝတ်ဆင်ထားပြီးဖြစ်တာကိုမြင်လိုက်ရပြီး ပြောစရာစကားပျောက်ရှသွားသည်။ ဒီလူအအေးကိုဘယ်လောက်တောင်ကြောက်တာလဲဟ? ဒါကဆောင်းတွင်းမှာအအေးဆုံးအချိန်တောင်မဟုတ်သေးဘူး။ သူကဂွမ်းကပ်အနွေးထည်တွေဝတ်ထားပြီးပြီ။

နှစ်ယောက်သားကအခုမှလက်ထပ်မှတ်ပုံတင်ယူထားပြီးခါစဖြစ်ပေမဲ့ အတူတူမနေကြသေးပေ။ ဒါပေမဲ့ ကျန်းကျွင်းမော့သည်သူတို့တွေ့တဲ့အခါ အထူးသဖြင့်ပညာတတ်လူငယ်များနေရာကတခြားသူတွေဆီက စနောက်တာတွေနဲ့ကြုံရတဲ့အခါမှာ အနည်းငယ်ရှက်နေသေးသည်။

တစ်ဖက်တွင် လုရှသည်အရေပြားထူထူရှိပြီး လူတိုင်းအရှေ့မှာပင်ကျန်းကျွင်းမော့ကိုစကားပြောလိုက်သည်။
" ဒီနေ့ကျွန်မတို့ရွာလူကြီးကိုအိမ်ဆောက်ဖို့အကြောင်းသွားပြောကြမယ် ရှင်သွားမလား ကျွန်မသွားရမလား ဒါမှမဟုတ် အတူတူသွားကြမလား?"

ကျန်းကျွင်းမော့ဘက်ကအရင်အစပြုလိုက်သည်။
" ကျွန်တော်သွားလိုက်မယ် တဖြေးဖြေးနဲ့ပိုအေးလာပြီ ရာသီဥတုကအရမ်းအေးတယ် မင်းကအိမ်ထဲမှာပဲနေ အပြင်မထွက်နဲ့"

လုရှခေါင်းညိတ်လိုက်သည်။
" ဒါလည်းအဆင်ပြေတာပဲ ရှင်အရင်သွားပြီး ဆောက်လုပ်ရေးအသေးစိတ်နဲ့ တည်နေရာကိုမေးမြန်းခဲ့လိုက် ရာသီဥတုအရမ်းအေးမလာခင် ပြီးအောင်ဆောက်ဖို့ကြိုးစားကြတာပေါ့"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်जहाँ कहानियाँ रहती हैं। अभी खोजें