Chapter 79

946 181 0
                                    

Chapter 79 –  ချန်းအာ့
.

ထိုလူကိုသူမချက်ချင်းမှတ်မိသွားတယ်။ ရွာရဲ့ပြဿနာကောင်ချန်းအာ့ပဲ။

လုရှသည်မူလကဒီဘဝမှာ သူ့ကိုသူမဘက်ကသွားရန်မစသရွေ့ သူကသူမကိုလွှတ်ပေးလိမ့်မယ်လို့ တွေးခဲ့သည်။ ဒါပေမဲ့ သူကပြဿနာလာရှာအုံးမယ်လို့ သူမမထင်ထားခဲ့ပေ။ သူမတကယ်ပဲဒင်းကိုနောက်တစ်ခေါက်လောက်ထပ်ကန်ပြီး ဖျက်ဆီးပစ်လိုက်ချင်ပေမဲ့ ကျန်းကျွင်းမော့ကဒီနေရာမှာရှိနေတာကြောင့် သူမအကြမ်းပတမ်းကြီးပြုမူလို့မရပေ။

ထို့ပြင် ချန်းအာ့ရဲ့ဂုဏ်သတင်းကမကောင်းစေကာမူ သူကရွာသားတစ်ယောက်ဖြစ်နေဆဲဖြစ်ကာ ချန်းမိသားစုရဲ့တစ်ဦးတည်းသောကလေးဖြစ်သည်။ ကိစ္စတွေအရမ်းတင်းမာသွားရင် အနာဂတ်မှာသူမအတွက် ရွာထဲမှာလွယ်ကူတဲ့အချိန်တွေမရှိနိုင်လောက်ပေ။

ထို့ကြောင့် သူမဆန္ဒမရှိသော်ငြား သူမမှာရပ်တန့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။ အေးစက်စက်မျက်နှာထားဖြင့် လုရှသည်မြေပြင်ပေါ်ကလူကို ငုံ့မိုးကြည့်ပြီးမေးလိုက်သည်။

" ပြော နင်ဘာလို့ငါ့နောက်ခိုးကြောင်ခိုးဝှက်လိုက်နေတာလဲ?"

ချန်းအာ့သည်မူးဝေလာသည်အထိ ခေါင်းကိုတုတ်နဲ့အရိုက်ခံခဲ့ရပြီး ခန္ဓာကိုယ်ကိုအထပ်ထပ်အခါခါ အရိုက်ခံခဲ့ရတော့ အခုချိန်မှာတစ်ကိုယ်လုံးနာကျင်နေသည်။ အခု သူမစကားပြောလိုက်သဖြင့် အလျင်အမြန်အသနားခံလိုက်သည်။
" ကျုပ်မှားသွားပါတယ် ကျုပ်မလုပ်ရဲတော့ပါဘူး ချမ်းသာပေးပါ မမလေး"

ဒါပေမဲ့ လုရှသည်မယိမ်းယိုင်သွားခဲ့ပဲ သူ့ကိုနောက်တစ်ကြိမ်ကြမ်းကြမ်းလေးရိုက်နှက်ပေးလိုက်သည်။
" ပြောစမ်း နင်ဘာလို့ငါ့နောက်ကိုလိုက်နေတာလဲ?"

" အားး! ကျုပ်ပြောမယ် ပြောပြပါ့မယ်! ကျေးဇူးပြုပြီးရပ်ပါတော့ မရိုက်ပါနဲ့တော့ နာတယ်!"

ထိုတော့မှသာလုရှလက်ပိုက်ပြီး အေးစက်စက်မျက်နှာထားကိုဆက်ထိန်းသိမ်းထားသည်။
" ဒါဆို ပြောစမ်း!"

ချန်းအာ့သည်လုရှကိုသတိထားလျက်တစ်ချက်ကြည့်လိုက်ပြီး ထိန်းမရအောင်တုန်ယင်သွားကာ သူမကိုရန်စမိတဲ့အတွက် နောင်တရမိသွားသည်။ နူးညံ့သိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဟန်ရတဲ့သူတစ်ယောက်က ဒီလောက်ကြမ်းတမ်းရက်စက်မယ်လို့ သူ့မှာလုံးဝမထင်ထားခဲ့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now