Chapter 97

1.1K 154 0
                                    

Chapter 97 –  ငွေလွှဲပေးခြင်း
.

လုရှရဲ့စကားတွေကိုနားထောင်ပြီးနောက် ကျန်းကျွင်းမော့သည်ခေါင်းညိတ်ပြီး ခေါင်းအုံးအောက်လက်နှိုက်လိုက်သည်။
" မနက်ကမင်းထွက်သွားတာမြန်လွန်းလို့ ကျွန်တော်မင်းကိုပိုက်ဆံပေးဖို့အချိန်မရလိုက်ဘူး ဒါကိုအရင်ယူထားနှင့်ပါ မလောက်ဘူးဆိုရင်ကျွန်တော့်ကိုပြောပါ"

သူကပြောပြီး သူမကိုပိုက်ဆံခပ်ထူထူအထပ်လိုက်ကမ်းပေးလာပြီး အနည်းဆုံးယွမ်၃၀၀လောက်ရှိမည်ထင်ရကာ လက်မှတ်တွေလည်းအများအပြားပါသည်။ သူကမ်းပေးလာတဲ့ပိုက်ဆံတွေကိုမြင်လိုက်ရတော့ လုရှပြုံးလိုက်ပြီး " ကျွန်မတို့ဒီလောက်အများကြီးမလိုပါဘူး အိမ်တစ်ခုလုံးဆောက်လုပ်စရိတ်က အများဆုံးမှ၁၅၀ယွမ်ပဲကုန်ကျမှာ တခြားအပိုကုန်ကျစရိတ်တွေနဲ့တောင် ယွမ်၂၀၀ကိုမကျော်ဘူး ကျွန်မတို့တစ်ယောက်ကိုယွမ်၁၀၀ဆီစိုက်နိုင်တယ်"

အနည်းငယ်မျက်မှောင်ကျုံ့သွားလျက် ကျန်းကျွင်းမော့သည် " မင်းပိုက်ဆံတွေကိုသိမ်းထားလိုက် ကျွန်တော်ပေးမယ် ဒီငွေတွေကိုလက်ခံလိုက်ပါ နောက်ဆိုအိမ်အတွက်ငွေလိုလာတိုင်း ကျွန်တော့်ဆီကပေးမယ်"

လုရှနောက်ထပ်တစ်ခုခုပြောချင်နေသေးတာကိုမြင်လိုက်ရတော့ သူကသူမစကားကိုဖြတ်ချလိုက်သည်။
" ယူလိုက်ပါ ကျွန်တော်တို့ကလက်ထပ်ပြီးပြီ မင်းကအိမ်မှာငွေကြေးစီမံခန့်ခွဲဖို့ တာဝန်ရှိတဲ့သူပဲလေ မဟုတ်ဘူးလား?"

သူ့စကားတွေကြားလိုက်ရတော့ လုရှမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ဒီလူကအပြောင်းအလဲမြန်လိုက်တာမှ သူမတို့ဘာကြောင့်လက်ထပ်ခဲ့ကြသလဲဆိုတဲ့အကြောင်းရင်းကို မေ့သွားသည့်အလားပဲ။ ဒါပေမဲ့ သူမထပ်မငြင်းလိုက်တော့ပေ။

" ဒါဆိုလည်းကောင်းပါပြီ အခုတော့ကျွန်မလက်ခံလိုက်မယ် ဒါပေမဲ့ ရှင့်အတွက်ပိုက်ဆံကျန်သေးရဲ့လား? ရှင့်အတွက်နည်းနည်းယူထားအုံးမလား?"

ကျန်းကျွင်းမော့သည် သူမစကားကြားလိုက်ရတော့ သူမကိုကြည့်ဖို့အနည်းငယ်ရှက်သလိုခံစားလိုက်ရပြီး အကြည့်ချင်းမဆုံအောင်ရှောင်ကာ ပြန်ဖြေလိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now