Chapter 96

1.1K 163 0
                                    

Chapter 96 –  အိမ်ဆောက်လုပ်ရေးအစီအမံများ

လုရှသည်ရုန်းမထွက်နိုင်တာကြောင့် အထဲလိုက်ဝင်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။

" နင်ရောက်လာတာအချိန်ကောင်းပဲ အဒေါ့်ကိုကူပြီးအကြံလေးဘာလေးပေးပါအုံး အဒေါ့်သားကမနေ့ကကောင်မလေးနဲ့အဆင်ပြေသွားလို့ ဒီနေ့မှာမိန်းကလေးကအိမ်ကိုလာကြည့်တယ် ကိစ္စအားလုံးအဆင်ပြေပြေရှိမယ်ဆိုရင် နှစ်သစ်ကူးမတိုင်ခင်သူတို့လက်ထပ်ကြလိမ့်မယ်!"
အဒေါ်စွေ့ယွင်ကပြောပြလေသည်။

ဒီစကားကြားလိုက်ရတော့ လုရှချက်ချင်းပြုံးကာဂုဏ်ပြုလိုက်သည်။
" ဒါကောင်းတာပေါ့! အဒေါ်မကြာခင်မှာချွေးမလေးရတော့မယ် နောက်နှစ်ဆိုမြေးလေးတောင်ရရင်ရနိုင်တယ်"

ဒီစကားကြားလိုက်ရပြီနောက် အပြုံးတွေဖြင့်အဒေါ်စွေ့ယွင်ရဲ့မျက်လုံးတွေတွန့်ကွေးသွားသည်။
" ဒီလိုသာဆိုရင်သိပ်ကောင်းတာပေါ့! အာ ပညာတတ်လူငယ်ရှောင်လုက တကယ်စကားပြောကောင်းတာပဲ"

အထဲဝင်သွားပြီးနောက် လုရှသည်အခန်းထဲကလူတိုင်းကိုနှုတ်ဆက်လိုက်ပြီး တချို့ကိုရင်းနှီးပေမယ့် တချို့ကိုတော့မသိပေ။ ထို့နောက် ကြင်ဖက်တွေခဲ့ကြတဲ့လူငယ်နှစ်ယောက်ကို တွေ့လိုက်ရသည်။ လီဟုန်ကျွင်းသည်အရင်ကသူမတွေ့ခဲ့တုန်းကလို တည်တင်းပုံပေါက်မနေပဲ အနည်းငယ်အနေရခက်နေပုံရသည်။ မိန်းကလေးသည်လည်းကြည့်ကောင်းပြီး မျက်နှာလေးနီရဲနေသည်။

လုရှသည်အဒေါ်စွေ့ယွင်နားထောင်ရတာကြိုက်တဲ့ ချီးကျူးမြောက်ပင့်စကားတချို့ပြောဆိုပြီးနောက် လက်ဆောင်တွေချခဲ့ပေးကာ ကျန်းကျွင်းမော့ကိုဂရုစိုက်ပေးရအုံးမယ်လို့ ဆင်ခြေပေးကာထွက်လာခဲ့သည်။ အပြင်ထွက်လာပြီးနောက်မှာ အပြုံးတွေကြောင့်တောင့်တင်းလုနီးပါးဖြစ်နေတဲ့ သူမမျက်နှာကိုပုတ်လိုက်သည်။

အာ....စိတ်အားထက်သန်လှတဲ့လူတွေနဲ့ဆက်ဆံရတာ ပင်ပန်းလိုက်တာနော်။

ထို့နောက် သူမသည်ရွာကော်မတီသို့တန်းတန်းထွက်လာခဲ့သည်။ ရွာလူကြီးသည်သူမကိုမြင်လိုက်ရတော့ မနေ့ကကိစ္စအကြောင်းကိုထပ်ဆွေးနွေးရန် ရောက်လာသည်ဟုတွေးလိုက်မိတာကြောင့် မကြည်မလင်ဖြစ်သွားပြီး မျက်ခုံးတွေမြင့်တက်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Место, где живут истории. Откройте их для себя