Chapter 69

1.2K 207 0
                                    

Chapter 69 –  စည်သွပ်အစားအစာတွေပေးခြင်း
.

လုရှသည်ပြီးခဲ့တဲ့အခေါက်ကလို ဝက်နံရိုးတွေကိုအိုးထဲထည့်ကာ ရေနွေးအိုးထဲမှစိတ်ဝိဉာဉ်စမ်းရေတွေလောင်းထည့်လိုက်သည်။

ထို့နောက် မီးစမွှေးလိုက်သည်။ နာရီဝက်ခန့်ကြာပြီးနောက် ပြင်ဆင်ထားတဲ့မုန်လာဥဖြူတွေနဲ့ တခြားအရံဟင်းပွဲတွေရယ် ဟင်းခတ်အမွှေးအကြိုင်တွေရယ်ကိုပါ ထပ်ပေါင်းထည့်လိုက်သည်။ တဖြေးဖြေးနဲ့ အရသာရှိလှတဲ့‌အနံ့လေး အိုးအတွင်းမှလွင့်ပျံ့လာသည်။

ကျန်းကျွင်းမော့သည်စိတ်မရှည်ဖြစ်လာပုံရပြီး သူ့မျက်လုံးတွေကဟင်းအိုးထဲက စွပ်ပြုတ်အပေါ်အကြည့်မလွှဲစတမ်း မြဲမြံနေသည်။ အသင့်ဖြစ်ပြီလို့ခံစားမိလိုက်ချိန်တွင် လုရှသည်အိုးအဖုံးကိုဖွင့်လိုက်ရာ အနံ့လေးသင်းပျံ့သွားချိန်မှာ ကျန်းကျွင်းမော့သည် သူမသူ့အတွက်စွပ်ပြုတ်တစ်ခွက် အမြန်ထည့်ပေး‌လာမည်ကို စိတ်အားထက်သန်စွာစောင့်ဆိုင်းနေသည်။

သူ့ရဲ့ဒီလိုပုံကိုမြင်လိုက်ရတော့ လုရှရယ်မောလိုက်ပြီး သူ့အတွက်အသားနဲ့အသီးအရွက်ရောစွပ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပေးလိုက်သည်။
" မသောက်ခင် နည်းနည်းအေးပါစေအုံး မဟုတ်ရင် အရမ်းပူကျွပ်နေလိမ့်မယ်"

ကျန်းကျွင်းမော့သည် လက်နှစ်ဖက်နဲ့ခပ်မြန်မြန်လှမ်းယူလိုက်သည်။
" သိပါပြီ"

ထို့နောက် သူကစွပ်ပြုတ်ပန်းကန်ကိုစတင်တဖူးဖူးမှုတ်တော့ပြီး အမြန်အအေးခံဖို့ကြိုးစားနေသည်။

လုရှတခစ်ခစ်ရယ်မောလိုက်ပြီး သူမကိုယ်တိုင်အတွက်လည်းတစ်ပန်းကန်ထည့်လိုက်သည်။ ဒီမနက်သူမဝယ်ယူခဲ့တဲ့ ဘန်းမုန့်ပေါင်းနှစ်ခုကိုထုတ်ယူကာ သူ့ကိုတစ်ခုလှမ်းပေးလိုက်သည်။

" စွပ်ပြုတ်ကြီးပဲမသောက်ပဲ ဘန်းမုန့်ပေါင်းနဲ့တွဲစားကြည့် စွပ်ပြုတ်တစ်မျိုးတည်းသောက်တာက ဗိုက်ပြည့်မှာမဟုတ်ဘူး"

ကျန်းကျွင်းမော့သည် ဘန်းမုန့်ကိုလက်ခံယူလိုက်ပြီးနောက် သူမကိုကျေးဇူးတင်လိုက်သည်။
" ကျွန်တော်တို့ပြန်ရောက်တဲ့အခါ အစားအသောက်လက်မှတ်တွေမင်းကိုပေးမယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now