Chapter 98

1K 156 0
                                    

Chapter 98 –  အိမ်ပြီးစီးခြင်း

.

ဒီနှစ်ရက်တာအတွင်းမှာ ကျန်းကျွင်းမော့ရဲ့ကျန်းမာရေးသည် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ ဒီတစ်ခေါက် ဒီလောက်မြန်မြန်ပြန်ကောင်းလာတာကို သူ့မှာမယုံကြည်နိုင်ပေ။

လုရှသည်သည်နှစ်ရက်တာမှာသူ့အတွက် အထူးတလည်အစားအသောက်တွေ ဆက်တိုက်မချက်ပေးခဲ့ပါဘူး။ နှစ်နပ်စာပြင်ဆင်ပေးပြီးနောက်မှာ သူမကရပ်လိုက်ပေမယ့် နေ့တိုင်းသူအတွက်စိတ်ဝိညာဉ်စမ်းရေကိုသုံးကာ သကြားညိုရည်မဖြစ်မနေကြိုပေးပြီး သူ့ကိုမြန်မြန်သက်သာလာအောင်ကူညီပေးခဲ့သည်။

တိုတိုပြောရရင်တော့ အရင်ကအတိုင်းဆို သူ့အတွက်တစ်လအတွင်းမှာ ပြန်သက်သာဖို့ဆိုတာခက်ခဲမှာဖြစ်ပြီးတော့ ဒါကပင်ကျန်းမာရေးပြန်ကောင်းအောင် သူ့ကိုယ်သူကောင်းကောင်းဂရုစိုက်ပြီး နေ့တိုင်းဆေးသောက်တဲ့အခြေအနေအောက်တွင်ရှိနေသေးသည်။ ဒီတစ်ခေါက်မှာတော့အခြေအနေကပြင်းထန်ခဲ့ပေမယ့် ဒီလောက်မြန်မြန်သက်သာသွားတာကို မယုံကြည်နိုင်ပေ။

ကျန်းကျွင်းမော့သည် ဒါကိုလုရှရဲ့ဂရုစိုက်မှုကြောင့်ဖြစ်သည်ဟု မှတ်ယူခဲ့ပါသည်။ သူမချက်ပြုတ်ထားတာကို သူစားလိုက်တဲ့အချိန်တိုင်းမှာ သူ့ကိုယ်အတွင်းမှာသက်သောင့်သက်သာခံစားရသဖြင့် သူ့ကိုပိုလို့တောင်ပျော်ရွှင်စေပြီး ပိုပြီးကျေးဇူးတင်စိတ်ဖြစ်စေသည်။

သူနေကောင်းသွားတာနဲ့ လုရှသည်အိမ်ဆောက်ဖို့စီမံကိန်းကို သူ့ဆီလွှဲပြောင်းပေးလိုက်သည်။ နောက်ဆုံးမှာတော့ သူမကမိန်းကလေးတစ်ယောက်ဖြစ်ရာ ဆောက်လုပ်ရေးလုပ်နေတဲ့ရွာထဲကအမျိုးသားတွေနဲ့ ပြောဆိုဆက်ဆံဖို့ဆိုတာသူမအတွက်အဆင်မပြေပေ။

ကျန်းကျွင်းမော့သည်စကားများများပြောရတာမကြိုက်ပေမယ့် အတော်လေးကျွမ်းကျင်ပြီး ကိစ္စတွေကိုပြီးမြောက်အောင်လုပ်တတ်သည်။

သူမတို့သည်ပိုက်ဆံပဲပေးပြီး အစားအသောက်တွေမထောက်ပံ့ပေမယ့် သူကရွာသားတွေကိုအဖော်သွားပြုပေးဆဲဖြစ်ကာ စကားစမြည်ပြောပြီး အိမ်ဆောက်လုပ်ရေးအကြောင်းမေးမြန်းကာ အလွန်အကျွံအလုပ်လုပ်ရတာမဖြစ်အောင်သေချာစေသည်။ သူကသူတို့ကိုမကြာခဏအနားယူချိန်ပေးတတ်ပြီး သူတို့သောက်ရအောင်သကြားညိုရည်လည်းပြင်ပေးသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now