Chapter 55

1.4K 199 0
                                    

Chapter 55 –  ကျန်းကျွင်းမော့ရဲ့အဆိုပြုချက်

စားသောက်ပြီးသွားတဲ့နောက်မှာ ကျန်းကျွင်းမော့သည်ချက်ချင်းထွက်မသွားခဲ့ပဲ အဲ့ဒီအစား သူကလုရှကိုကူပြီးခြေရာလက်ရာတွေရှင်းလင်းပေးလိုက်ကာ ဒန်အိုးနဲ့ပန်းကန်ခွက်ယောက်တွေကို မြစ်ထဲမှာဆေးကြောလိုက်ပြီးမှ လုရှရဲ့ကျောပိုးခြင်းတောင်းထဲ ပြန်ထည့်ပေးလိုက်သည်။ ထို့နောက်မှပဲ နှစ်ယောက်သားအတူလမ်းလျှောက်ပြန်လာခဲ့ကြသည်။

နှစ်ယောက်စလုံးအတူပြန်သွားရင်မကောင်းသည့်အတွက် တောအုပ်လေးထဲကထွက်လာတာနဲ့ ကျန်းကျွင်းမော့သည်လုရှကို အရှေ့မှအရင်သွားခိုင်းလိုက်သည်။

ဒါပေမဲ့ သူမမထွက်သွားခင်တွင် သူကမတတ်နိုင်ပဲပြောလိုက်သည်။
" နောက်တစ်ခါမင်းဒီစွပ်ပြုတ်ထပ်လုပ်ရင် ကျွန်တော့်ကိုနောက်တစ်ပန်းကန်ပေးနိုင်မလား ကျွန်တော်ငွေပေးချေမှာပါ"

လုရှသူ့ကိုပြောစရာစကားကင်းမဲ့တဲ့အကြည့်တစ်ချက်ပေးလိုက်သည်။ သူဘာကိုဆိုလိုတာလဲ? တစ်ကြိမ်ကမလုံလောက်သေးဘူးလား? ဒီလူကသူမအပေါ်ဆက်ပြီးမှီခိုချင်နေတာလား? ငါးအသားလေးနည်းနည်းရဖို့ ဘယ်လောက်အားစိုက်ထုတ်ရသလဲ သူသိလား?

ကျန်းကျွင်းမော့လည်း သူ့တောင်းဆိုချက်ကမသင့်တော်မှန်းသိပေမဲ့ သူ့မှာရွေးချယ်စရာမရှိပေ။ လုရှချက်ထားတဲ့စွပ်ပြုတ်ကတကယ်ပဲအရသာရှိလှသည်။ ဒါတင်မကပဲ သူ့ကိုယ်အတွင်းကိုပါနွေးထွေးစေသည်။ ဒါကသူ့ကိုအလွန်သက်သောင့်သက်သာဖြစ်စေတာကြောင့် သတ္တိတွေစုစည်းကာမေးလိုက်ရခြင်းဖြစ်သည်။

အခုလုရှရဲ့မျက်နှာထားကိုမြင်လိုက်ရတော့ သူမသိပ်မလိုလားဘူးဆိုတာ သူသိလိုက်ပါသည်။ ထို့ကြောင့် သူကဆက်ပြီး  " ကျွန်တော်အသားစိုက်နိုင်ပါတယ် ကျွန်တော့်မှာအသားကူပွန်တွေရှိတယ် အသားသွားဝယ်ပြီး ကျွန်တော်တို့အတူချက်စားလို့ရတယ်"

ဒီစကားကြားလိုက်ရတော့ လုရှသည်နောက်ဆုံးတော့ အနည်းငယ်စိတ်ဝင်စားလာသည်။ သူ့မှာအသားကူပွန်တွေရှိတယ်ဆိုရင် ဒါကပြဿနာတော့မဟုတ်ဘူး။ နောက်ဆုံးမှာတော့ သူမကတစ်ချိန်လုံး ငါးတွေပဲစားမနေချင်ပေ။ ငါးဖမ်းရတာက တအားကသီလင်တဖြစ်တယ်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now