Chapter 19

1.9K 260 0
                                    

Chapter 19 – ဈေးဝယ်ထွက်ခြင်း

ထိုပစ္စည်းအားလုံးကိုဝယ်ယူပြီးနောက် သူမရဲ့စက်မှုလက်မှတ်တွေ ကုန်လုနီးပါးဖြစ်သွားသည်။

တကယ်တော့ သူမကမီးဖိုတစ်ခုနဲ့ အိုးတစ်လုံးဝယ်ချင်ခဲ့တာ။ ကျေးလက်ကိုသွားပြီးနောက် သူမဘာသာချက်စားလို့ရမရ တွေးမိသည်။ ဒါပေမဲ့ သူမမှာစက်မှုလက်မှတ်တွေ မရှိတော့သည့်အတွက် နောက်မှဝယ်ဖို့အတွက်ပဲ စဉ်းစားနိုင်သည်။ ဒါတွေကအရေးတကြီးမဟုတ်ရာ ကျေးလက်ကိုသွားပြီးနောက်မှ ပြင်ဆင်လို့ရပါသည်။

လက်မှတ်တွေလိုအပ်တဲ့ ပစ္စည်းအကြီးစားတွေကိုတော့ သူမတစ်ခုမှမဝယ်ခဲ့ပေ။ အချိန်ကိုမသိရရင်အဆက်မပြေတာကြောင့် လက်ပတ်နာရီတစ်လုံးဝယ်ချင်ခဲ့ပေမဲ့ မနက်ဖြန်ကျမှပဲကျင်းမင်ကို မေးကြည့်ရတော့မည်။

ကျန်ရှိတဲ့မုန့်ကူပွန်တွေနဲ့ သကြားကူပွန်တွေကိုလည်း သုံးပြီးသွားပြီ။ သူမကထိုကူပွန်တွေကို ပဲစိမ်းကိတ်နဲ့ယုန်ဖြူနို့သကြားလုံးတို့နဲ့လဲလှယ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် နေရာလွတ်ထဲထည့်ထားရင် ပုပ်သိုးသွားမှာစိုးရိမ်စရာမလိုပေ။

ထို့နောက် ဆပ်ပြာ၊ သွားတိုက်ဆေးနဲ့တဘက်တို့လို နေ့စဉ်သုံးမရှိမဖြစ်တွေကို ဝယ်ယူလိုက်သည်။ လက်မှတ်တွေအားလုံးနီးပါးသုံးကုန်သွားချိန်တွင် လုရှသည်ကျောပေါ်မှာ ခြင်းတောင်းကြီးတစ်လုံးအပြည့်နဲ့ ထွက်သွားဖို့ဆုံးဖြတ်လိုက်သည်။

သူမဝယ်ချင်တဲ့ပစ္စည်းတွေအများကြီးရှိနေသေးပေမဲ့ လက်မှတ်တွေမရှိတော့တာကြောင့် ‌နောက်မှဝယ်ဖို့ပဲ စောင့်နိုင်သည်။ ဒါပေမဲ့ အောက်ထပ်ဆင်းလာချိန်တွင် အလှကုန်ကောင်တာဘေးမှဖြတ်သွားရာ စနိုးခရင်မ်ဘူးတစ်ချို့ဝယ်လိုက်ပါသေးသည်။

ဒီခေတ်မှာစနိုးခရင်မ်ကပင် ဇိမ်ခံအလှကုန်လို့သတ်မှတ်နိုင်တာကြောင့် တန်ဖိုးကြီးအလှကုန်တွေကို မဝယ်လိုက်ပေ။ သာမာန်လူတွေဆို ဈေးအပေါဆုံးမျက်နှာလိမ်းဆီပင် ဝယ်ဖို့မတတ်နိုင်ကြပေ။

ဆောင်စတွင်းမှာ သူမအသားအရေကို အစိုဓာတ်ဖြည့်ပေးရန် စနိုးခရင်မ်ကိုသုံးရန်ကြံရွယ်ထားသည်။ စိတ်ဝိဉာဉ်စမ်းရေကိုသောက်သုံးခြင်းကလည်း သူမအသားအရေကိုအစိုဓာတ်ဖြည့်ပေးနိုင်တာကို သိပေမဲ့ အရှေ့မြောက်ပိုင်းရဲ့ဆောင်းရာသီက ကြမ်းတမ်းပြီးအေးစက်သည်။ သေချာဂရုမစိုက်ပါက အရေပြားတွေအလွယ်တကူပက်ကြားအက်နိုင်သည်။ သူမကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်ထားချင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now