Ep1

2.1K 55 2
                                    

နှင်းတွေဖြူဖွေးနေတယ့် လမ်းမထက်
လည်စည်းအနီရောင်လေးစည်းထားကာ
ကုတ်အင်္ကျီအမည်းလေး၀တ်လို့ လက်ဆွဲအိတ်ကလေးကိုင်ကာ
ခပ်သွက်သွက် လမ်းလျှောက်လာလေသော အမျိုးသားတစ်ဦး။

အေးလွန်းတဲ့ Y cityရဲ့ ရာသီဥတုမှာ
နေသားကျစွာ အလုပ်လုပ်ဖို့ရာ အပြင်ရောက်နေသူတွေလည်း
အများအပြားပင်။

မျက်ခုံးကောင်းကောင်းလေးနဲ့ မေးရိုးထင်းထင်းလေး
ရှည်လျားသောအရပ် ဗာဒံစေ့လို ခပ်ရှည်ရှည်မျက်၀န်းလေးတွေနဲ့
ဆွဲဆောင်ဖွယ် မျက်နှာပိုင်ဆိုင်ထားသော အမျိုးသားလေးဟာ
Y cityရဲ့ ထင်ရှားတဲ့ အချိုပွဲဆိုင်လေးထဲသို့ ခပ်သွက်သွက်၀င်သွားလေသည်။

ခပ်မြန်မြန် လျှောက်လာသော ခြေလှမ်းသံနှင့်အတူ
တံခါးကို ဆွဲဖွင့်လိုက်သောကြောင့် "ချွင်"ဆို
ထွက်ပေါ်လာသောအသံ

ကောင်တာရှေ့သို့ လျှောက်အသွား
နောက်ကို လှည့်လာလေသော အမျိုးသားတစ်ဦးနှင့်
သျှားမတော်တဆတိုက်မိလေသည်။

"oh!"တစ်ပြိုင်တည်း ထွက်ပေါ်လာသော အမျိုးသားနှစ်ဦးအသံသည် တိတ်ဆိတ်နေသော အချိုပွဲဆိုင်လေးထဲတွင်
ပဲ့တင်သံထပ်သွားလေသည်။

သျှားမြတ် သူ့ရှေ့ကလူကို တောင်းပန်ရန်ပြင်လိုက်စဥ်တွင်ဘဲ

"Sorry"လို့ ပြောကာ ထွက်သွားသောထိုလူ။

ကြည့်ကောင်းလွန်းသော ထိုလူကြောင့် သျှားကြောင်အစွာ
အာရုံကြောတွေနဲ့ တုန့်ပြန်နိုင်စွမ်းတွေရပ်တန်လို့
ခေါင်းလေးသာ ငြိမ့်လို့ ဖယ်ပေးလိုက်ရသည်။

သျှားမြတ်စေသာ ထိုလူကိုမျက်မှန်းတန်းမိသည်မှာ
သုံးခါပင်ကတော့မည်မထင်ပေ။

သျှား ထိုလူကို လိုက်ကြည့်နေမိတော့
မျက်စောင်းထိုးနေရာက ပန်းဆိုင်လေးထဲ၀င်သွားတဲ့ထိုလူ။
စောနက ကော်ဖီခွက်ကို ထိန်းကိုင်ထားတဲ့ ပုံစံနဲ့တောင်
ကြည့်ကောင်းနေတဲ့ ထိုလူအကြောင်းတွေးမိပြန်တော့
သျှား ထိုနေရာတင် ရင်ဘက်ပေါ် လက်ကလေးနဲ့ ဖိကာ ရပ်နေမိသည်။

'ဒီခံစားချက် မခံစားရတာ ကြာပြီးဖြစ်တဲ့ ခံစားချက်လေး'

"အဟမ်း အစ်ကို အရင်အတိုင်းဘဲသောက်မှာလား"

Melting In Love (Complete)Where stories live. Discover now