Ep12

250 12 5
                                    

မနက်ခင်းကို ပြတင်းပေါက်ကို လာခေါက်လေတဲ့
ငှက်ကလေးတစ်ကောင်ရဲ့ အသံကြောင့်
ခွန်းထက်လွင်နိုးလာသည်။

ရင်ခွင်ထဲရှိ လူသားလေးကို ကြည့်လိုက်လေသောအခါ
ချစ်ရသော အမျိုးသားလေးသည် နှစ်ခြိုက်စွာ
အိပ်ပျော်နေလေသည်။

ခွန်းထက်လွင် စိတ်မထိန်းနိုင်စွာ သျှားမြတ်စေသာ၏
ပါးလေးကို အနမ်းဖွဖွပေးမိသည်။
ထို့နောက် ကိုယ်လုံးလေးကိုလည်း တစ်ချက်ဖျစ်ညစ်လိုက်မိပါသည်။
ချစ်ဖို့ကောင်းလိုက်တဲ့ အစ်ကို့ရဲ့သျှား။

ချစ်ရသူလေးရဲ့ မျက်နှာလေးကို ခွန်းထက်လွင်
အကြည့်မလွှဲနိုင်ဖြစ်မိသည်။
အိပ်ရာထဲသို့ရောက်နေလေသော အရုပ်ကလေးတွေကို
တွေ့ရလေတဲ့အခါ ခွန်းထက်လွင် သဘောတကျပြုံးမိသည်။
ဒီလူသားလေးသည် ရင့်ကျက်သလိုလေးဆိုပေမယ့်
အိပ်ရာထဲကို အရုပ်လေးတွေထည့်အိပ်တတ်သည်။
အိပ်ရာထ​ဲရောက်နေလေတဲ့ အရုပ်8ခုလောက်ကို
တွေးမိတော့ ခွန်းထက်လွင် ခေါင်းလေးသာခါမိသည်။

သျှားရဲ့ ကျောဘက်က ယုန်ရုပ်လေးကို ယူလိုက်လို့
အရုပ်ကလေးနဲ့ သျှားကို ခွန်းထက်လွင်စရန်ကြံစည်လိုက်သည်။
အရုပ်ကလေးရဲ့ မျက်နှာနှင့် သျှားမျက်နှာလေးကို
ထိကပ်လိုက်နှင့် အိပ်ရာနိုးလေရင်
သျှားသည် အိပ်တစ်၀က်နိုးတ၀်၀က်ဖြစ်လာလေသည်။

"ကိုကို သျှားမြတ်စေသာရေ အိပ်ရာထတော့ "

"အင်းး"

"သျှားလေးရေ ပြန်မအိပ်ပါနဲ့တော့လို့ ယုန်လေးက
ကိုက်စားလိုက်မှာနော်"

"5မိနစ်"

လက်ကလေးငါးချောင်းထောင်ပြကာ
တစ်ဖက်လှည့်လို့ ဆက်အိပ်ရန်ကြံနေသော အမျိုးသားလေးကို
ကြည့်ရင်း ခွန်းထက်လွင်မှာ အသည်းတယားယားပင် ဖြစ်ရသည်။

အရုပ်ကို တော်ရာနေရာသို့ ပစ်ချလိုက်ပြီးလျှင်
ခွန်းထက်လွင်၏ အိပ်ရာနိုးခြင်း ဗျူဟာသည် ပြောင်းလဲသွားလေသည်။
အိပ်ပျော်နေလေသော အမျိုးသားလေး၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ လက်ထောက်ကာ အုပ်မိုးရင်း
မျက်နှာအနှံ့ကို လိုက်နမ်းလိုက်လျှင်
ရင်ခွင်ထဲရှိ အမျိုးသားလေးသည် တောင်ခံနိုင်စွမ်းမရှိတော့စွာ
ရယ်သံလေးတွေနှင့်အတူ နိုးလာတော့သည်။

Melting In Love (Complete)Onde histórias criam vida. Descubra agora