Ep29

165 11 2
                                    

သျှားမြတ်စေသာတို့၏
လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးသည့် အဖြစ်သည် သိပ်ကို မြန်ဆန်လွန်းသည်။

အစ်ကို့၏ စိတ်တိုင်းကျ မှာယူထားတဲ့ဝတ်စုံကို
နှစ်ယောက်လုံး ၀တ်ဆင်ထားခဲ့ပေမယ့်
အမှန်တကယ်တွင်တော့ အပြင်လူတွေ
စီးပွားဖက်တွေမပါ ရိုးရှင်းစွာ
သွင်သျှားလေးရယ် အစ်မသွင်ရယ် အသိသက်သေအဖြစ်
အိမ်တော်ထိန်းရယ်နှင့် ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။

သျှားမြတ်စေသာ လက်ထပ်စာချုပ်လေးကို
ကြည့်လို့ ပြုံးပျော်နေတဲ့ အစ်ကို့ကို ကြည့်ရင်း
ပျော်ရွှင်မိသည်။

"ဘယ်လို ခံစားနေရလဲ ခင်ဗျားရေ"

အစ်ကိုသည် သျှား၏ အမေးကို
စာချုပ်လေးကို တယုတယဆုပ်ကိုင်ထားရင်းမှ
ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြလာသည်။

"ကိုယ် ပျော်တယ်"

အစ်ကိုသည် သျှားကို မြတ်နိုးစွာမော့ကြည့်လာရင်း
လေးနက်စွာ စကားဆိုသည်။

"ကျေးဇူးတင်ပါတယ်သျှား။ အစ်ကိုနဲ့ ဘ၀တစ်ခုလုံးကို
ဖြတ်သန်းဖို့ သဘောတူခဲ့လို့"

သျှားမြတ်စေသာ၏ အစ်ကို့အပြောကို
သဘောကျစွာ ပြုံးလိုက်မိသည်။
အစ်ကိုသည် အခုတွင် ချစ်စဖွယ်ကောင်းသည့် ပုံလေးပင်
ပေါ်နေသည်။ ထိုလူကြီးသည် သူ့ကိုယ်သူတော့
သိမြင်မထင်။
သျှားမြတ်စေသာ အသည်းယားမိပါသည်။
အစ်ကို့၏ နားရွက်ဖျားလေးတွေသည် ကျေးဇူးတင်ကြောင်းပြောလာချိန်တွင် မသိမသာလေး အနည်းငယ်နီရဲနေခဲ့သည်။

"ကိုယ်လည်း ကျေးဇူးတင်ပါတယ်။
ကိုယ် ပိုးပန်းတာကို လက်ခံခဲ့လို့"

အစ်ကိုသည် သူ့ကို နူးညံ့မှုများ ပါ၀င်လျက် ကြည့်လာသည်။

"အမှန်တကယ်က
ကိုယ်က ကံကောင်းသူပါ ကလေးငယ်"

ထို့နောက်တွင်တော့ အစ်ကိုသည် ကုတင်ခြေရင်းတွင် ထိုင်နေရာမှ  ဖြေးညှင်းစွာ ထလာလို့
စာချုပ်လေးကို ဖန်ဘူးလေးထဲ ထည့်သိမ်းထားလေသည်။

ဖန်ဘူးလေးထဲတွင် လာဗင်ဒါတို့ အနည်းငယ်ပါဝင်နေသည်။
ကြည်လင်လှတဲ့ ဖန်ဘူးလေးကို အပေါ်တွင်
လာဗင်ဒါပုံစံ အသေးလေး ပါရှိစေသေးသည်။
အစ်ကို၏ ထောင့်စေ့လွန်းလှသော အစီစဉ်တို့ကြောင့်
သျှားမြတ်စေသာ သဘောတကျပြုံးလိုက်မိသည်။

Melting In Love (Complete)जहाँ कहानियाँ रहती हैं। अभी खोजें