Ep20

188 10 3
                                    

ခွန်းထက်လွင် အိပ်ရာမှ နိူးလာလျှင်
မျက်စိဖွင့်ဖွင့်ခြင်း သူ့ရှေ့တွင် အိပ်ပျော်နေလေသော
သျှားကို တွေ့လိုက်ရသည်။
ခွန်းထက်လွင် ပါးချိုင့်လေးတစ်ဖက်ပေါ်အောင်
ပြုံးလိုက်မိသည်။
သူချစ်ရသော အမျိုးသားလေး။

ညက ခွန်းတို့ နှစ်ယောက်လုံး အ၀တ်ဗလာနှင့်
အိပ်ပျော်သွားခဲ့သည်ဖြစ်ရာ
အခု ကိုယ်ပေါ်တွင် စောင်တစ်ထည်သာဖုံးအုပ်ထားလေသည်။
ခွန်းထက်လွင် စောင်အောက်ကနေ ပေါ်ထွက်နေလေသော
ပုခုံးတစ်ဖက်စွန်းရှိ ကိုက်ရာရဲရဲလေးကို ကြည့်လို့
လည်ဇလုပ်လေးမှာ အပေါ်အောက်အနည်းငယ် လှုပ်ရှားသွားသည်။

ခွန်းထက်လွင် သျှားကို ငြင်သာစွာဖက်ထားလိုက်လို့
ပုခုံးသားလေးကို ဖွဖွလေးနမ်းလိုက်လျှင်
ရင်ခွင်ထဲရှိ အမျိုးသားလေးသည်
အနည်းငယ် လူးလွန့်လာတာကြောင့် ငြိမ်သက်နေလိုက်သည်။
ကလေးလေး တစ်ညလုံး ပင်ပန်းထားတာ အိပ်ပါစေလေ။

ညကအကြောင်းကို တွေးမိလေတော့ ခွန်းထက်လွင်
နားရွက်ဖျားလေးတွေ ရဲတက်လာသည်။

သျှားသည် တကယ့်ကို နတ်ဆိုးပေါက်စလေးပင်။

အိပ်ပျော်နေလေသော အမျိုးသားလေးကို ခွန်းထက်လွင်
အနမ်းလေးတစ်ချက်ထပ်ပေးပြီးလျှင် အိပ်ရာမှ
ထလိုက်တော့သည်။

ကြမ်းပြင်တွင် ညက အ၀တ်အစားတွေမှာ ပြန့်ကျဲနေကာ
ဟိုတစ်စဒီတစ်စ ။ခွန်းထက်လွင် ပြန့်ကျဲနေသော
အ၀တ်အစားတွေကို ကောက်သိမ်းရင်း
နှုတ်ခမ်းလေးမှာ အနည်းငယ်ပြုံးရောင်သမ်းနေသည်။
ညက သူတို့ သောင်းကျန်းထားတာ တော်ရုံမဟုတ်ပေ။

ခွန်းထက်လွင် မစောတော့တဲ့ အချိန်ကြောင့် နေ့လည်စာသာ တစ်ခါတည်း မှာလိုက်တော့သည်။

အိပ်ပျော်နေလေသော သျှားကို ခွန်း မြတ်နိုးစွာ ကြည့်မိသည်။
ယပ်တောင်လေးတွေလို ကော့ဆင်းနေလေတဲ့ မျက်တောင်လေးတွေ။
ပြင်းထန်တဲ့ နမ်းရှိုက်ထားမှုကြောင့် သွေးလေးဆို့နေလေတဲ့
နှုတ်ခမ်းလေး။

ခွန်းထက်လွင် ရေအေးတစ်ခွက်ကို ခပ်ဖြည်းဖြည်းသာ
သောက်လိုက်တော့သည်။စိတ်ထိန်းမှ ဖြစ်မည်လေ။

Melting In Love (Complete)Where stories live. Discover now