Ep5

330 19 1
                                    

မနက်ခင်း အလင်းရောင်ရောက်စပြုတဲ့အချိန်တွင်
သျှားမြတ်စေသာ အိပ်ရာနိုးလာခဲ့သည်။

သွယ်လျသော မျက်လုံးအိမ်တို့သည် အကြိမ်အနည်းငယ်မှ
မျက်တောင်ခတ်လိုက်လို့ မျက်နှာကျက်ကိုကြည့်လိုက်လျှင်
သျှားမြတ်စေသာ ဒီနေရာသည် သူ့အိမ်မဟုတ်ကြောင်း
သတိရလိုက်လေသည်။
နာကျင်နေသော ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ပေါ်သို့
ခပ်ဖြေးဖြေးချလို့ အရင်ဆုံး ပြတင်းပေါက်ဘက်သွားဖြစ်ကာ
ကျဆင်းနေလေသော နှင်းတို့ကို လက်နဲ့ ဖမ်းဆုပ်မိရင်း
ပြုံးမိသည်။

"ဒီနေ့ အေးတာလျော့သားဘဲ"

ခပ်တိုးတိုးရေရွတ်လို့ သျှားမြတ်စေသာ
ပြတင်းပေါက်နှစ်ခုကို ဆွဲယူလို့ ပြန်ပိတ်လိုက်ရင်း
တံခါးဖွင့်ကာ အပြင်ထွက်ရန်ပြင်လိုက်ချိန်တွင်
မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိလို့ နှုတ်ခမ်းသားတို့သည်
တစ်ချက်ကော့တက်သွားလေသည်။

ညက လော့ချကာ အိပ်ခဲ့လေသော အခန်းတံခါးသည်
အခုမူ ပုံစံတကျဖြစ်နေသော်လည်း
ညက တစ်ရေးနိုးတွင် ယောင်၀ါး၀ါးတွေ့ခဲ့ရသော
တံခါး၀ကရပ်ကြည့်နေလေတဲ့ ထိုလူရဲ့ပုံစံကိုတွေးမိလျှင်
သျှားမြတ်စေသာ ခေါင်းလေးရမ်းမိပါသည်။

'ခင်ဗျားက ထူးဆန်းလိုက်တာ"

အခန်းပြင်ကိုရောက်လျှင် မှောင်မည်းနေလေသောကြောင့်
သျှားမြတ်စေသာ အခန်းမီးတို့ကို ဖွင့်လိုက်လျှင်
ပရိဘောဂအနည်းငယ်သာရှိပြီး ရှင်းလင်းနေတဲ့အခန်းလေး။
အထူးဆန်းဆုံးက TVတောင်မရှိတာပင်။
ညက သျှားမြတ်စေသာထိုင်ခဲ့လေတဲ့ ဆိုဖာလေးတစ်လုံးနှင့်
ခုံပုလေးတစ်လုံး မီးအိမ်လေးနှင့်
ကတ်ဆက်လေးတစ်ခုသာ ရှိနေလေသည်။

ထိုအရာတွေကို မြင်တွေ့တော့ သျှားမြတ်စေသာ တွေးကြည့်မိသည် ထိုလူမှာ ဖုန်းတောင် ရှိလေရဲ့လား။

အလုပ်သွားရန် ပြင်ဆင်ရဦးမည်လည်းရှိသေးသည်ကြောင့်
သျှားအသိပေးကာ ထွက်သွားရန်လုပ်ဖို့ ထိုလူအခန်းကို
ကြည့်လိုက်လျှင် အခန်းတံခါးကို ဖွင့်ထားလေသည်။

သျှားမြတ်စေသာ တံခါးဘောင်မှာ မှီလိုက်လို့
အခန်းတံခါးကို ခပ်ဖွဖွ ခေါက်လိုက်ရင်း

Melting In Love (Complete)Where stories live. Discover now