Ep16

189 11 3
                                    

သျှားမြတ်စေသာ သူ့ဆံပင်တို့ကို ဆော့ကစားနေသော
အစ်ကိုကြောင့် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

မနက်က ကိစ္စကြောင့် အစ်ကိုစိတ်ထိခိုက်သွားမှာကို
စိတ်ပူခဲ့ရပေမယ့် အခု အဆင်ပြေနေတာကြောင့်မလို့
သျှားမြတ်စေသာ စိတ်သက်သာရာရမိသည်။
အရင်တစ်ခါ ကားနဲ့တိုက်မလိုဖြစ်တုန်းကဆို
အစ်ကို ဖျားသွားခဲ့သေးသည်။

စာရွက်စာတမ်းတွေကို လှန်နေရင်းမှ
သျှားမြတ်စေသာ ရပ်တန့်သွားသည်။
အရင်တစ်ခါ ကားနဲ့တိုက်မလိုဖြစ်တာသည်
ထူးဆန်းသည်မလို့ သျှားမြတ်စေသာ စုံစမ်းခဲ့သော်လည်း
အရက်မူးပြီးမောင်းတာဖြစ်ကြောင်းသာ ထွက်လာသည်။
သို့သော် နံပါတ်ပြားမှာမူ အတု။

သျှားမြတ်စေသာ ခုံကလေးကို လက်နဲ့တစ်ဖွဖွတောက်နေမိသည်။
သူရန်စထားမိသော သူများရှိနေလေသလား။
တော်ရုံဆိုရင် သူ့ကို ထိရဲမည်မဟုတ်ပေ။
ဒီမြို့ကလူတွေသည် သူ့အကြောင်းသိသည်။
ဒါဆို ဒီမြို့ကမဟုတ်တာများလား။
သျှားမြတ်စေသာ အတွေးတွေသည် တောင်ရောက်မြောက်ရောက်ဖြစ်နေသည်။

သျှားကို အတင်းဆွဲဖက်လာလေသော​အစ်ကိုကြောင့်
သျှားမြတ်စေသာ စိတ်နှင့်လူနှင့် ပြန်ကပ်သွားသည်။
ဆိုဖာပေါ်မှာ လှဲနေရာကနေ ဆွဲဖက်လာလေသော သူရဲ့
လက်ကလေးကို ကိုင်လို့ လက်ဖမိုးလေး သျှား
ညှင်သာစွာ နမ်းလိုက်ပါသည်။

"ခနလေးနော် ကိုယ် အလုပ်လေးပြီးခါနီးပြီ
ဗိုကိမဆာသေးဘူးမလား။"

"ဟင့်အင်း"

ခွန်းထက်လွင် သျှားမြတ်စေသာကို တစိမ့်စိမ့်ငေးကြည့်နေမိသည်။
ဒီလူသည် သူ့ရဲ့ ကံကောင်းချင်းလေး။
မနက်က အဖြစ်အပျက်ကိုတွေးလိုက်တဲ့အခါမှာ
ခွန်းထက်လွင် မျက်နှာတစ်ခုလုံး မဲမှောင်သွားလေသည်။

သျှားရဲ့ ကိုယ်လေးကို အားနဲ့ဆွဲမလို့
ခွန်းထက်လွင် သူ့ရင်ဘက်ပေါ်မှီစေလိုက်လျှင်
သဘောကျရသော ရယ်သံလေးသည် ထွက်ပေါ်လာသည်။

အပြစ်ကင်းစွာ ရယ်မောနေလေသော အမျိုးသားလေးကို
ကြည့်ရင်း ခွန်းပါ ပြုံးမိသည်။

Melting In Love (Complete)Where stories live. Discover now