Ep10

252 10 0
                                    

ခွန်းထက်လွင် သူ့ကိုသာ စိုက်ကြည့်နေလေသော
လူသားလေးကြောင့် စည်းနေသော
ပန်းစည်းကို အမှားအယွင်းမဖြစ်စေရန်
အတော်ကို ဂရုစိုက်နေရသည်။

ထိုအမျိုးသားလေး၏ အကြည့်တို့သည်
သူ့ကို စိတ်လှုပ်ရှားစေလေသည်။
နောက်ဆုံးပန်းစည်းတစ်စည်းကို အဆုံးသတ်
စည်းနှောင်ပြီးချိန်တွင် ခွန်းထက်လွင်
သက်ပြင်းဖွဖွချမိသည်။ သိပ်ကို အသည်းယားဖို့
ကောင်းလွန်းတဲ့ အမျိုးသားလေးကို သူပိုင်ဆိုင်ထားရသည်ပင်။

မှန်စားပွဲလေးကနေ လက်ကလေးထောက်ကာ ငေးနေလေသော
အမျိုးသားလေးဆီသို့ တည့်တည့်လျှောက်သွားလိုက်လျှင်
ထိုအမျိုးသားလေး၏ မျက်လုံးပြာလေးတွေသည်
ပိုလို့ပင် ကျယ်၀န်းလာသည်ဟု ခွန်းထက်လွင်ထင်မိသည်။

လူတွေသည် သူတို့ချစ်သောသူတို့နှင့် တွေ့ဆုံရလျှင်
မျက်လုံးအိမ်ကျယ်လာတတ်ကြောင်းကို သတိရလိုက်မိလျှင်
ပြုံးလိုက်မိပါသည်။ မြတ်နိုးစွာ ကျီစယ်လိုသော
သဘောဖြင့် နှာဖူးလေးကို တောက်လိုက်လျှင်
ထိုအမျိုးသားလေး၏ အမှုအရာလေးနာက်တစ်မျိုးကို
တွေ့မြင်လိုက်ရသည်။
နှုတ်ခမ်းလေးဆူသွားလေသော အမျိုးသားလေး။

"မင်းလေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းတယ်။
အရမ်းကို ဆွဲဆောင်မှုတွေ ပြည့်နေတယ်ပေါ့"

သျှားမြတ်စေသာဆိုသော အမျိုးသားလေးသည်
မြေခွေးလေးတစ်ကောင်လိုလည်း ပြုံးတတ်သေးသည်။

"ဒါပေါ့ ခင်ဗျားကို ဆွဲဆောင်ဖို့ ဆွဲဆောင်မှုတွေပြည့်နေတာ"

ခွန်းထက်လွင်၏ လက်ဖ၀ါးလေးကို ဆွဲယူလို့
သျှားမြတ်စေသာ သူ့ပါးလေးနှင့် ပွတ်သပ်လိုက်လျှင်
ရေခဲတုံးကြီးသည် သူ့နှုတ်ခမ်းကို ခပ်ဖွဖွလေး
နူးညံ့စွာ နမ်းရှိုက်လာလေသည်။

"သျှား မင်းက အဆိုးလေး"

"သေချာတာပေါ့ ခင်ဗျားတော့ ထိန်းပေးရတော့မှာဘဲ"

သျှားမြတ်စေသာ နာရီကို တစ်ချက်ကြည့်လိုက်လျှင်
ထမင်းစားချိန်ပင်ဖြစ်နေလေပြီ။
သူ၏ ချစ်သူလေးကို ရှင်သန်ရသော ပတ်၀န်းကျင်တွင်
ထုတ်ကြွားချင်ပါသည်။
မတ်တပ်ရပ်လိုက်ကာ ဘေးနားရှိ ကုတ်အင်္ကျီကို
လက်တစ်ဖက်ပေါ် တင်ထားလိုက်ရင်း တစ်ဖက်သည်
ခွန်းထက်လွင်ဆိုသော အမျိုးသားလေးကို
လက်ဆွဲလိုက်လျှင် ထိုအမျိုးသား၏ ခပ်သြသြအသံလေးသည်
နောက်ပြောင်လိုမှုတို့ပါ၀င်လျက် ထွက်ပေါ်လာလေသည်။

Melting In Love (Complete)Where stories live. Discover now