Ep30

193 9 4
                                    

"ဒါဆို ကိုယ့်ကို စာရင်းတွေပြီးရင် ပို့ထားပေးပါနော်။"

သျှားမြတ်စေသာ လပ်တော့ မျက်နှာပြင်ကိုကြည့်ကာ
ပြောလိုက်သည်။
တစ်ဖက်တွင်ရှိသော လက်ထောက်သည်
စူးစမ်းလာသည်။

"သူဌေး ဒီတစ်ခေါက်ကဘယ်ကို ခရီးသွားတာလဲဗျ။
ရက်အတော်ကြာဦးမှာလား။ကျွန်တော့ဆီမှာ
သူဌေးကို ဖိတ်ထားတဲ့ ပါတီ ဖိတ်စာတွေပုံနေပြီ"

သျှားမြတ်စေသာ ရယ်လိုက်သည်။
သူသည်လည်း ဒီနေရာမှာ ဘယ်လောက်ကြာအောင်
နေဖြစ်မည်မသိပေ။
အစ်ကိုနေသည့်နေရာသာ သျှားမြတ်စေသာလိုက်နေ
ဖြစ်လောက်သည်။
အစ်ကိုရှိသောနေရာသည် ဘယ်နေရာမဆို သူ့အတွက် သက်တောင့်သက်သာရှိပြီး အိမ်လို့ခံစားစေရသည်။

"ကိုယ်မပြောတတ်သေးဘူး။ကိုယ့်အမျိုးသားရဲ့
အလုပ်ကိစ္စလေးတွေ ပြီးရင်တော့ ပြန်လာဖြစ်လောက်မှာပါ"

"အာ..  သူဌေး အမျိုးသား?
သူဌေး လပ်ထပ်လိုက်ပြီ"

လက်ထောက်ဖြစ်သူသည် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
သူတို့၏ သူဌေးသည် အိမ်ထောင်ကျသွားပြီတဲ့လား။
ဘယ်တစ်ယောက်နဲ့များလည်း။
ဘယ်ချိန်ကများလဲ။

နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တဲ့ ကျောက်ရုပ်ကြီးနဲ့
တူတဲ့ လူများနဲ့လား။ သူ့ကို စိုက်ကြည့်ဖူးတာကို
တွေးမိတဲ့အခါ ဇတ်ကလေးတောင်ပု၀င်သွားခြင်သည်။
ဘယ်လောက်တောင် ရှိန်စရာကောင်းတဲ့လူကြီးလဲ။

"ဟုတ်တယ် ကိုယ် လက်ထပ်လိုက်ပြီ။"

"ဂုဏ်ပြုပါတယ် သူဌေး"

"ကျေးဇူးတင်ပါတယ်။"

သျှားမြတ်စေသာ​ ပြောစရာရှိတာများပြောပြီးလ်ု့
လပ်တော့ကို ပိတ်လိုက်ချိန်တွင် သူ့ကို
အခန်း၀တွင် နံရံကိုမှီကာ ကြည့်နေသော
အစ်ကို့ကို တွေ့လိုက်ရသည်။

"အစ်ကို"

ခွန်းထက်လွင်သည် သျှားမြတ်စေသာနားသို့ လျှောက်သွားကာ အနားတွင် ၀င်ထိုင်လိုက်သည်။
ချက်ချင်းဆိုသလို သျှား၏ ခေါင်းလေးသည်
ခွန်းထက်လွင်၏ ပုခုံးပေါ်သို့ မှီတင်လာသည်။

Melting In Love (Complete)Where stories live. Discover now