Ep9

261 11 2
                                    

လက်ထဲမှ ရှိနေလေသော အနွေးဓာတ်လေးပျောက်ဆုံးသွားလျှင်
အအိပ်ဆတ်သော ခွန်းထက်လွန် နိုးသွားလေသည်။

ဗလာဖြစ်နေလေသော မိမိ၏ လက်ကို ကြောင်အစွာ
ကြည့်နေမိသည်။
သျှားမြတ်စေသာဆိုသော အမျိုးသားလေးနှင့်
လက်တွဲထားခြင်းကို ပြန်တွေးမိသောအခါ
အိပ်မက်တစ်ခုလို ခံစားလာရသည်။

သိပ်ကို ကောင်းမွန်လွန်းတဲ့အိပ်မက်လေး။
လက်ချောင်းလေးတွေကို ဖြေးညှင်းစွာ ကွေးလိုက်ရင်း
လက်သီးဆုပ်လေး ခပ်ဖွဖွ ဆုပ်ထားမိသည်။
အိပ်မက်လေးဖြစ်နေရင်တောင် ထိုအမျိုးသားလေးရဲ့
အငွေ့အသက်လေးတွေကို မပျံ့လွင့်စေလိုပေ။

ထိုအချိန် ခွန်းထက်လွင်၏ အကြားအာရုံထဲသို့တိုး၀င်လာလေသော
အက်ရှရှအသံလေးနှင့် သီချင်းသံလေး။

Maybe it's the way you say my name
Maybe it's the way you play your game
But it's so good, I've never known anybody like you
But it's so good, I've never dreamed of nobody like you

အသံလာရာသို့ ခွန်းထက်လွင် ခြေသံခပ်ဖွဖွဖြင့် သွားလိုက်လျှင်
အရင်ရက်တွေတုန်းကလို မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေလေသော
လူသားလေး။
စားပွဲပေါ်ရှိ ထိုအမျိုးသားလေးဖုန်းမှ သီချင်းသံ
ထွက်ပေါ်နေပြီး စိတ်လွတ်ကိုယ်လွတ်
သီချင်းလိုက်ဆိုနေသော သျှား။

ခွန်းထက်လွင် အသံတစ်သံမျှ မထွက်အောင် ထိန်းချုပ်ရင်း
ထိုလူသားလေးရဲ့ အမူအရာကို ကြည့်နေမိသည်။

ပန်းကန်ထဲသို့ အစားအသောက်ပြုဆင်ပုံကအစ
မနူးညံ့သော်လည်း အေးဆေးတည်ငြိမ်သော အမူအရာ ။
သီချင်းလေး ငြီးရင်း အလုပ်လုပ်နေလေသော
ထိုအမျိုးသားလေးကို ကြည့်နေရုံနှင့် မလုံလောက်တော့သည်ကြောင့်  ခပ်မြန်မြန်အနားသို့ သွားမိလျှင်
အသံကြားသွားသည်ထင် လှည့်ကြည့်လာလေသည်။

ခွန်းထက်လွင်နှင့် မျက်နှာချင်းဆိုင် အမျိုးသားလေးကို
ခါးမှ ဆွဲ၍ ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း
ကျစ်နေအောင် ဖက်ထားလိုက်လျှင်
ရင်ခွင်ထဲရှိ လူသားလေးဆီမှ ရယ်သံခပ်လွင်လွင်သည်
သီချင်းသံကို ကျော်ဖြတ်လို့ အခန်းထဲ၀ယ် ထွက်ပေါ်လာလေသည်။

Melting In Love (Complete)Where stories live. Discover now