Ep38

129 11 3
                                    

ခွန်းထက်လွင် မျက်မှောင်ကြုတ်ရင်း လက်က
သည်းငယ်၀ယ်ပေးထားလေသော နာရီကို
ကြည့်လိုက်သည်။

အချိန်သည် ည၈နာရီကျော်ခန့်ဖြစ်နေလေပြီ။
သျှားသည် သူ့ကို ညစာစားဖို့ရာ စောင့်နေမည်လို့ပြောထားသည်။ သူ၏သည်းငယ် ဗိုက်ဆာနေလောက်လေပြီ။
ညစာစားထားနှင့်ဖို့ရာလည်း ခွန်းထက်လွင်
မပြောရက်ပေ။

သျှားသည် သူ့ကိုစောင့်ဆိုင်းနေတာ။သူက
ဒီအတိုင်း အလုပ်များနေတယ်ဆိုတာ တစ်ခွန်းနဲ့တင်
ဖျက်သိမ်းရမည်တဲ့လား။
ထို အမျိုးသားငယ် သူ့ကို နားလည်ပေးမည်ဆိုတာကို
သိသည်။သို့သော် မဖော်ပြနိုင်သော
၀မ်းနည်းမှုလေးလည်း ထိုအမျိုးသားလေး ခံစားရမည်ကို ခွန်းထက်လွင် စိုးရိမ်သည်။

မျက်နှာချင်းဆိုင်တွင် မတ်တပ်ရပ်နေသော အတွင်းရေးမှူးကို စိုက်ကြည့်လိုက်သည်။

"ဒီကိစ္စတွေကို ဒီညအပြတ်ရှင်းထား။ကိုယ်အိမ်ခနပြန်မယ် ပြီးတာနဲ့ ပြန်လာခဲ့မယ်။"

အလုပ်ကလည်း လက်လွှတ်လို့မရပေမှတော့
သျှားကို သူခေါ်လာရန်သာတတ်နိုင်တော့သည်။
ဘယ်တတ်နိုင်မလဲ ဒီအမျိုးသားလေးကို သူမှ
အနည်းငယ်လေးတောင် မခွဲနိုင်တာ။
ရုံးခန်းထဲရှိ အိပ်ခန်းလေးသည် အခုအချိန်မှာတော့
အသုံး၀င်သည်။

ခွန်းထက်လွင်တွေးလိုက်သည် အခန်းထဲတွင်
သျှားသဘောကျသော စာအုပ်လေးတွေ ထပ်ဖြည့်ရမည်။
သူ၏ အမျိုးသားငယ်သည် စာအုပ်ဖတ်ရတာမကြိုက်ပေမယ့် စာအုပ်လေးတွေရှိနေတာကို သဘောကျသည်။
စာရွက်နံ့လေးကိုလည်း သဘောကျသေးသည်တဲ့။
သဘောအကျဆုံးမှာ ခွန်းထက်လွင်၏ latteနဲ့ လာဗင်ဒါလေးဆိုသောအခါ ရေခဲတုံးကြီးမှာ အရည်ပျော်ရလေသည်။

ချစ်ရသော အမျိုးသားအကြောင်းတွေးမိတဲ့အခါ
ခွန်းထက်လွင် နူးညံ့စွာပြုံးလိုက်သည်။

"ကိုယ့်အမျိုးသားလေး"

စားပွဲကနေ ထလိုက်ကာ ကုတ်အင်္ကျီကိုဆွဲယူလို့
ကားပါကင်ဆီသွားလျှင် သက်တော်စောင့်တွေကလည်း
လိုက်ပါလာသည်။

ခွန်းထက်လွင်၏ သက်တော်စောင့်တွေမှာ အနည်းငယ်သာပင်။အများစုမှာ သျှားရဲ့ လူတွေ။
ဒီလူကြီးကို ထိုအမျိုးသားလေးသည် သိပ်ကိုစိတ်ပူတတ်သေးသည်။

Melting In Love (Complete)Where stories live. Discover now