Ep2

482 25 0
                                    

"Latte တစ်ခွက်ပေးပါ။"

သျှားမြတ်စေသာ ကွက်ကီးဘူးလေးကို ဂရုတစိုက် ထုပ်ပိုးနေရင်းမှ  ထိုအမျိုးသားအသံကို ကြားရလျှင်
ချက်ချင်းကို ကောင်တာရှိရာသို့ အမြန်သွားလိုက်သည်။

"ကိုယ် လုပ်ပေးလိုက်မယ် ညီမလေး"

ခွန်းထက်လွင် latte မှာပြီးသည်နှင့် ကြားလိုက်ရသောအသံကြောင့် မော့ကြည့်လိုက်မိတဲ့အခါ တွေ့ရတဲ့သူမှာ
အသေအချာကို မနေ့က လာဗင်ဒါတွေ လက်ထဲထိုးထည့်သွားတဲ့ သူပင်။

ခွန်းထက်လွင် ပထမကသာမာန်စားသုံးသူလို့ထင်လိုက်ပေမယ့်
အခုတော့ ၀တ်စားထားပုံအရပါ ဒီဆိုင်ရဲ့ သူဌေးဟုထင်မိသည်။
ခွန်း အတွေးတို့ မှန်ကြောင်းကို ၀န်ထမ်းအမျိုးသမီးက
အတည်ပြုလိုက်လေသည်"ဟုတ်ကဲ့သူဌေး"တဲ့

ခွန်းထက်လွင် မျက်ခုံးတွေကိုပိုလို့
မျက်မှောင်ကုတ်လိုက်မိသည်။
latteကို သူအရသာကောင်းကောင်းလေးဘဲ
သောက်ချင်မိသည်။

သျှားမြတ်စေသာ သူ့ရှေ့က မျက်မှောင်တွေကုတ်နေတဲ့အမျိုးသားကို ကြည့်ရင်း နကိုအတိုင်း နှစ်လိုဖွယ်အပြုံးလေးသာ ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။

"Hello,အစ်ကို
ကိုယ့်ကို စိတ်တိုနေတာတော့မဟုတ်ပါဘူးနော်"

သျှားရဲ့စကားအဆုံးမှာ စိုက်ကြည့်လာလေတဲ့
အကြည့်စူးစူး။
သျှားသဘောကျသော ထိုအမျိုးသားဟာ သိပ်ကို
စကားနည်းသည်ဟုထင်မိသည်။
နောက်ပြီး အကြည့်စူးစူးတွေလည်း သိပ်ပေးတတ်သည်။

"ကိုယ်က Latte ဖျော်တာ ကျွမ်းပါတယ် ။
အစ်ကိုသောက်ပြီးရင် ကိုယ့်လက်ရာကို သဘောကျမှာ။
ဒါနဲ့...."

သျှားရဲ့ ခပ်ဆွဲဆွဲ စကားကြောင့် မျက်လုံးကို မှေးကာကြည့်လာလေတဲ့ ထိုအမျိုးသားရယ်။
သျှားမြတ်စေသာ အသက်ကို တစ်ချက်ပြင်းပြင်းရှုလို့
ရင်ခုန်သံကို ထိန်းရင်း ဆက်ပြောလိုက်ပါသည်။

"မနေ့က လာဗင်ဒါလေး သဘောကျရဲ့လား"

" လွှတ်ပစ်လိုက်ပြီ"
အေးစက်စက်ထွက်လာလေသော ထိုအမျိုးသား၏အသံ
သျှားမြတ်စေသာ ခန့်မှန်းထားသည့်အတိုင်းပေမို့
latte ဖျော်ရင်း ခေါင်းလေးသာ ငြိမ့်မိသည်။
ကိုယ်သဘောကျလေသော ထိုအမျိုးသားကတော့
ရေခဲတုံး အသွင်ကိုဆောင်နေမြဲပင်။

Melting In Love (Complete)Where stories live. Discover now