Ep18

194 10 1
                                    

ကြည်လင်နေတဲ့ ကောင်းကင်ပြာကြီးအောက်တွင်
အရှိန်မှန်မှန်လေးနှင့် မောင်းနှင်နေသော ကားအနက်ရောင်လေးသည် ချိုမြိန်ဖွယ်လေထုလေးနှင့် ပြည့်နှက်နေသည်။

သျှားမြတ်စေသာသည် စိတ်အေးလက်အေးနှင့်
ကားမောင်းနေပြီး  အစ်ကိုသည် သျှားအကြိုက်ဖြစ်သော
စပျစ်သီးလေးတွေကို အခွံလေးတွေပါ ခွာလို့
ခွံ့လာသည်။သျှားမြတ်စေသာ အပြုံးကြီးပြုံးမိပါသည်။

ချစ်သူလေးက အရမ်းကို အလိုလိုက်တာဘဲ ကောင်းလိုက်တာ။

မနက်စောစောထဲက ထွက်လာလေသော ခရီးတွင်
အစ်ကိုသည် အရင်ကားမောင်းလို့ ကျန်တစ်၀က်ကို
သျှားမြတ်စေသာ ကားမောင်းလာခဲ့သည်။
ဒါတောင် ဒီလူကြီးသည် သူဘဲ တောက်လျှောက်မောင်းပါမည်
ဆိုတာကြောင့် သျှားမြတ်စေသာ မနည်းပြောယူလိုက်ရသည်။

မနက်စောစော ထလာရတာကို တွေးမိတော့ သျှား ထိုလူကြီးကို
ကြည့်မိသည်။
အိပ်စက်ရတာ ကြိုက်တဲ့ လူကြီးသည် စောစောထရတာနဲ့
ပတ်သတ်လို့ အလိုမကျတာမျိုးမပြပေမယ့် သျှား ဂရုစိုက်ရပေမည်။

ကိုယ့်ချစ်သူကို ဂရုစိုက်တာက လုပ်ကိုလုပ်သင့်တဲ့ ကိစ္စပင်။
သျှား သိပ်မလိုတော့တဲ့ ခရီးကို မှန်းဆရင်း
အသီးလေးတွေကို တိတ်ဆိတ်စွာ စားနေတဲ့ အစ်ကို့ဆီကို
မြတ်နိုးစွာ အကြည့်တစ်ချက်ချက် ပို့မိပါသည်။

"အစ်ကို အိပ်ချင်ရင် အိပ်နော် ကိုယ်ရောက်ရင်နိုးမယ်လေ။"

"မအိပ်ချင်ဘူး"
သျှားကို တစ်ချကိကြည့်လို့ အစ်ကိုသည် စကားဆိုလာသည်။

"ဟုတ်ပါပြီ"

သျှားမြတ်စေသာ အစ်ကို့ကို အတင်းမတိုက်တွန်းပေ။
လက်တစ်ဖက်နဲ့ ကားမောင်းရင်း တစ်ဖက်သည်
အစ်ကို့ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်လျှင်
အစ်ကိုသည် အဟမ်းဆို ချောင်းဟန့်လျှက်
နားရွက်ဖျားလေးတွေ ရဲသွားသည်ကို
တွေ့လိုက်ရသည်။

ခနအကြာမှာတော့ မအိပ်ချင်ဘူးဆိုသော လူကြီးသည်
နှစ်ခြိုက်စွာ အိပ်ပျော်သွားလေပြီ။
သျှားမြတ်စေသာ ခေါင်းလေးသာ ခါမိပါသည်။
ဒီလူကြီး သူ့အသားလေးနဲ့ ထိထားလျှင်
လျှင်မြန်စွာ အိပ်ပျော်သွားတတ်သည်ကို သတိထားမိတာ
သိပ်မကြာသေးပေ။
သျှားမြတ်စေသာ သဘောတကျ ပြုံးလိုက်မိပါသည်။
ချစ်ရသောလူသားလေးအတွက် အိပ်ဆေးလေးဖြစ်ရတာလည်း
မဆိုးပါလေ။

Melting In Love (Complete)Where stories live. Discover now