Ep13

197 10 1
                                    

"သျှား "

ခွန်းထက်လွင် နေ့ခင်းဘက်ခနလေးအိပ်ပျော်သွားသော
အချိန်တွင် ရင်ခွင်ထဲက အမျိုးသားလေးမရှိတော့သည်ကြောင့်
မျက်မှောင်ကြုတ်လိုက်မိသည်။

ချစ်ရတဲ့ သျှားမြတ်စေသာ အစား
ရင်ခွင်ထဲရောက်နေလေသော ယုန်ရုပ်ကြီးကို
နားရွက်ကနေ ကိုင်လို့ ဘေးကို ပစ်ချထားလိုက်သည်။

ဒီကောင်လေး သူ့ကို မလိမ့်တပတ်သွားပြီးဘယ်ရောက်သွားတာလဲ။
၀ရံတာမှာနေရင်းအိပ်ပျော်သွားတာဖြစ်တာကြောင့်
အနေအထားမသင့်ဘဲ အကြာကြီးနေလိုက်မိတာမလို့
အနည်းငယ် နာကျင်နေတဲ့ ဇာတ်ကို ဟိုဘက်ဒီဘက်လှည့်ရင်း
မတ်တပ်ရပ်လိုက်သည်။

အနားရှိ ရေအပြည့်ရှိလေသောရေခွက်နှင့် ဖိထားလေသော
စာရွက်ကိုတွေ့တဲ့အချိန်မှာ ခွန်းထက်လွင်၏ တင်းမာနေသော
မျက်နှာကြောသည် အနည်းငယ်လျော့သွားသယောင်ရှိလေသည်။

အလုပ်ကိစ္စပေါ်လာလို့ သွားကြောင်းနှင့် ညစာအမှီ
ပြန်လာမည်ဖြစ်ကြောင်း ခွန်းထက်လွင် ဗိုက်ဆာလျှင်လည်း
စားထားဖို့ရာ ပြင်ဆင်ပေးခဲ့ကြောင်း ရေးထားသည်ကို
ဖတ်ကြည့်ပြီးလျှင် ခွန်းထက်လွင် ပါးချိုင့်လေးတစ်ဖက်ပေါ်အောင် နူးညံ့စွာ ပြုံးလိုက််မိပါသည်။

သိပ်ကို ချစ်ဖို့ကောင်းတဲ့ ကောင်လေး။
သူ့ကို ဘယ်လောက်တောင် ဂရုစိုက်လိုက်သလဲ။

ခွန်းထက်လွင် အခုချက်ချင်း သျှားကိုရင်ခွင်ထဲထည့်ထားလို့
အနမ်းတွေ ပေးချင်စိတ်ပေါ်လာသည်။

မနေနိုင်တော့စွာ ခွန်းထက်လွင်သူ့ရဲ့ အသုံးပြုခဲတဲ့
ဖုန်းကို အံဆွဲထဲကနေ သွားယူလိုက်သည်။
စက်ဖွင့်လိုက်တဲ့အခါ ဖုန်းအားသည် တစ်၀က်လောက်ရှိသည်။
ခွန်းထက်လွင် အလွတ်ကျက်ထားလေသော
နံပါတ်လေးကို ရိုက်နှိပ်လို့ခေါ်ဆိုလိုက်သည်။

ဖုန်း၀င်သွားတဲ့ အချိန်လေးကို ခွန်းထက်လွင်
မစောင့်နိုင်တော့ပေ။ဒီလူသားလေးကို
ချစ်ကြောင်းတွေ အများကြီး ပြောချင်နေသည်။
ဂရုစိုက်မှုနှင့် နွေးထွေးမှုတွေပေးတဲ့ ဒီအမျိုးသားလေးကို
ခွန်းထက်လွင် အကောင်းဆုံးတွေသာ ပေးမည်။

Melting In Love (Complete)Where stories live. Discover now