Ep41

100 6 1
                                    

ခွန်းထက်လွင်ဒဏ်ရာရပြီး၂ရက်မြောက်နေ့
....................................................

"ချွင်"

သျှားမြတ်စေသာ၏ လက်စွပ်နှင့် ထိခတ်သွားသော
ပန်းအိုးလေးထံမှ မတိုးမကျယ်သော အသံလေး
ထွက်ပေါ်လာသည်။

သျှားမြတ်စေသာ အသက်မဲ့စွာဖြင့် ထိုပန်းအိုးလေးကို
နေရာတွင် ပြန်ထားလိုက်သည်။
အသစ်လဲထားလေသော လာဗင်ဒါလေးသည်
ရေစက်ကလေးတွေ စိုစွတ်ကာ လန်းဆန်းနေသည်။

အစ်ကိုသည် ကုတင်ပေါ်တွင် အိပ်ပျော်နေလေသည်။
သျှားမြတ်စေသာ ကုတင်ဘေးတွင် တစ်စောင်းလေး
ထိုင်လိုက်ရင်း အစ်ကို့၏ လက်ကလေးကို အသာလေး
ထိတွေ့လို့ ပြုံးမိသည်။

အိပ်ပျော်နေလေသော အစ်ကိုသည် ဒီလိုအချိန်မှာတောင်
ခန့်ညားမှု မပျောက်ပေ။
ဖွင့်ဟထားလေသော ပြတင်းပေါက်ဆီမှ
ပင်လယ်လေညှင်းတို့ကို ခံစားမိသည်။

"ဒီရက်ပိုင်း မိုးတွေရွာလွန်းတယ်
ခင်ဗျားက မကောင်းတဲ့လူဘဲ။"

"ကိုယိ့ကို ဖက်ထားပေးမယ်လို့ ပြောခဲ့တယ်မလား"

"ကိုယ် မိုးသံတွေကို ကြောက်တယ် ဒါပေမယ့်
ခင်ဗျား အနားမှာမရှိတာက ပိုပြီးကြောက်ဖို့ကောင်းတယ်။ ဒါက လက်တွေ့ကြုံလိုက်ရတဲ့ အတွေ့အကြုံတစ်ခုရဲ့ အဖြေဘဲလေ"

"ခင်ဗျား မြန်မြန်သတိရလာရမယ်နော်
ကိုယ်က စိတ်မရှည်တတ်တာသိတယ်မလား။"

"ကိုယ်စိတ်ဆိုးမှ ခင်ဗျားချော့ရမလွယ်ဘူးဆိုပြီး မလုပ်ရဘူး"

သျှားမြတ်စေသာ ငိုချင်လာသော စိတ်တို့ကို
အံ့ကြိတ်ကာ တင်းခံထားသည်။
သူငိုကြွေးလိုက်လို့မဖြစ်ပေ။အစ်ကိုသည်
သူငိုတာကို ကြားလျှင် စိတ်ချမ်းသာမည်မဟုတ်ပေ။
သို့မဟုတ် သူ ကလေးတစ်ဦးလိုပင်
ငိုကြွေးကာ အော်ဟစ်လိုက်ရမည်လား။
အစ်ကိုသည် သူအငိုတိတ်စေရန် နိုးထလာလောက်မည်ဟု ထင်မိသည်။

ရူးမိုက်သည့်အတွေးပင်။
သျှားမြတ်စေသာ ခပ်ဟဟလေးရယ်လိုက်ပါသည်။

အစ်ကို နိုးထလာချိန်မှာ အစ်ကို့ကို ဘယ်လို
အန္တရာယ်ရှိတဲ့အရာမျှ မထိတွေ့စေရတော့ဘူးလိူ့
သျှားမြတ်စေသာ ကျိန်ဆိုသည်။
သူသည် အစ်ကို့၏ အသက်ကို ထိပါးလာသူတို့ကို
လက်စားချေပြီးပြီ။
ထိုသူတွေ .....

Melting In Love (Complete)Where stories live. Discover now