Ep31

142 9 2
                                    

သျှားမြတ်စေသာနှင့် အစ်ကို လက်ကလေးတွဲရင်း
အိမ်ဘက်ကို ခပ်ဖြေးဖြေးလမ်းလျှောက်နေသည်။

မျက်စိရှေ့တွင်မြင်တွေ့နေရသော ပင်လယ်ပြင်နှင့်
တွဲစပ်နေတဲ့ ညနေခင်းနေ၀င်ချိန်ဟာလည်း
အတော်ကို ကြည့်ကောင်းလွန်းသည်။
သူလက်တွဲထားသော လူလောက်မဟုတ်ပေမယ့်ပေါ့။

သျှားမြတ်စေသာ ကိုယ့်အတွေးလေးနှင့်ကိုယ် ရယ်လိုက်လျှင် အစ်ကိုသည် ခေါင်းလေးငဲ့ကြည့်လာသည်။

"သျှား"

"ဟုတ် အစ်ကို"

သျှားအစ်ကိုနှင့် အကြည့်ချင်းဆုံလျှင်
အစ်ကိုသည် ချစ်ခြင်းတို့နှင့် ပြည့်နေသေမျက်လုံးလေးများဖြင့် ငေးကြည့်လာသည်။

"တစ်ယောက်ယောက်က ပြောဖူးလား မင်း ပြုံးရင်လှတယ်လို့"

သျှားမြတ်စေသာ အရင်ဆုံးကြောင်အ သွားသည်။
ထို့နောက်တွင်တော့ အစ်ကို ကျီစယ်နေသည်ကို
သဘောပေါက်သွားသည်။

သျှားမြတ်စေသာ ရယ်ချင်တာလေးကို သည်းခံထားလိုက်ရင်း မျက်နှာသေလေးနှင့် ဖြေလိုက်သည်။

"ပြောဖူးတယ်"

"........"

အစ်ကို့၏ မျက်နှာသည် မှောင်မဲသွားလျှင်
သျှားမြတ်စေသာ အစ်ကို့၏ လက်ကလေးက်ု
ဆွဲလို့ အိပ်ကပ်ထဲ အတူတူထည့်လိုက်ရင်း
နှစ်လိုဖွယ်ပြုံးလိုက်သည်။

"စောနကဘဲ ပြောလိုက်တာလေ ကိုယ့်ခင်ပွန်းက"

"သျှား။
  ကိုယ်က တစ်ယောက်ယောက်လား သည်းငယ်"

သျှားမြတ်စေသာ အနိုင်ကျင့်ခံရသလိုမျိုး
အသံလေးနှင့် ပြောလာသူကြောင့် ရယ်လိုက်မိပါသည်။ ထိုအခါ အသက်၃၀ကျော်လူကြီးသည်
သျှားကို ကောက်တော်မူချင်လေသည်။
ကုတ်ကျနေလေသော မျက်ခုံးလေးတွေသည်
သျှားမြတ်စေသာကို အနမ်းပေးစေရန် ဆွဲဆောင်နိုင်စွမ်း
ရှိလေသည်။

သျှားမြတ်စေသာ ကလေးလေးရှိနေသည်ကြောင့်
စိတ်ကို ထိန်းချုပ်လိုက်ပါသည်။

သျှားမြတ်စေသာ အစ်ကို၏ ပုခုံးပေါ်သို့
ခေါင်းလေးတင်လိုက်ကာ အနည်းငယ်ပွတ် ချွဲလိုက်ရင်း

Melting In Love (Complete)Où les histoires vivent. Découvrez maintenant