Ep3

413 20 0
                                    

" ခင်ဗျားရေ"

ဆိုင်တံခါး၀မှ အသံကြားရလျှင်
ခွန်းထက်လွင် မျက်မှောင်ကုတ်လို့သာကြည့်လိုက်သည်။

တံခါးကိုဖက်တွယ်ထားလေသော ထိုအမျိုးသားကတော့
သူ့ရဲ့အမူအကျင့်အတိုင်း ကိုယ်လေးတစ်ပိုင်းသာ၀င်လာလို့
ခေါင်းလေးစောင်းရင်း သွားတန်းလေးတွေပေါ်သည်အထိ
ရယ်ပြနေလေသည်။

ထိုအမျိုးသား ခွန်းထက်လွင်ကို အနှောင့်အယှက်ပေးနေသည်မှာ
တစ်ပတ်ခန့်ပင်ရှိတော့မည်ဖြစ်သည်။
မကြာခင် ကြားရတော့မယ့် ချိုအီနေတဲ့ စကားများကို
တွေးမိတဲ့အခါ တည်တင်းလှတဲ့ ခွန်းထက်လွင်မျက်နှာသည်
မျက်မှောင်ပိုလို့ကုတ်ကာ
နှုတ်ခမ်းပါးတွေမှာလည်း အနည်းငယ်ကုတ်ကာမဲ့သွားလေသည်။
ထိုအမျိုးသားဟာ အရှက်မရှိတဲ့ အရှုပ်ထုတ်ပင်။

သျှားမြတ်စေသာ လက်ထဲတွင် ကိတ်မုန့်ဘူးလေးကိုင်ထားရင်းနှင့် ဆိုင်ထဲကို၀င်လာလေတဲ့အခါ
အစ်ကိုသည် အကြည့်တစ်ချက်သာပေးလို့
ပန်းစည်းစည်းရန်ဆက်လုပ်နေလေသည်။

ခပ်ကျယ်ကျယ်နှင့် မနှေးမမြန်ခြေလှမ်းတွေလှမ်းကာ
သျှားမြတ်စေသာ ကောင်တာအနီးက စားပွဲလေးပေါ်
ကိတ်မုန့်ဘူးလေးတင်လိုက်ရင်း အစ်ကို့ဆီကိုလျှောက်သွားလိုက်သည်။
ထို့နောက် လာဗင်ဒါပန်းစည်းလေးကို ဆွဲယူလိုက်ရင်း
အနည်းငယ် မွှေးလိုက်မိပါသည်။

"အနံ့လေးကောင်းလိုက်တာ "

ပန်းစည်းလေးကို တယုတယထိန်းကိုင်လို့
ခွန်းထက်လွင်၏ အနားမှာချထားရင်း ပြောလိုက်သည်
"ခင်ဗျားဖို့  အချစ်တွေနဲ့ပေးတာနော်"

သျှားကို မျက်တောင်မခတ် ကြည့်လာလေတဲ့ ထိုအမျိုးသားသည်
စိတ်ရှည်နေပုံတော့မပေါ်လှပေ။
ထာ၀စဥ် ကုတ်နေလေသော မျက်မှောင်တို့ကို
ကြည့်ရင်း သျှား လက်ကလေးနှင့် ဖိနှိပ်ပေးချင်စိတ်ပါ ပေါ်လာလေသည်။

"မင်း သိပ်အားနေလား"

"အားတယ်ရယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် ခင်ဗျားနဲ့
ကိတ်ခွဲချင်လို့ "

သျှားမြတ်စေသာ စားပွဲပေါ်က စတော်ဘယ်ရီ ကိတ်လေးကို
ညွှန်ပြလိုကိရင်း

Melting In Love (Complete)Where stories live. Discover now