Ep23

192 12 1
                                    

ခွန်းထက်လွင် အိမ်ကို အမြန်ပြန်လာနေတဲ့ လမ်းမှာ
နှာဖူးပေါ်ကနေ ကျဆင်းနေတဲ့ ချွေးတို့ကို
လက်နဲ့ ဖိသုတ်လိုက်ရင်း တောက်တစ်ချက်ခေါက်လိုက်သည်။

သူ့ရဲ့ အမျိူးသားလေး ဒီအချိန်ဆိုရင်
ဘယ်လိုများဖြစ်နေလေမလဲ။
သူ့ကို ကြောက်ရွံ့ပြီး တုန်လှုပ်နေမည်လား။
ဒါမှမဟုတ်ရင် ခွန်းထက်လွင်ကို ရွံရှာပြီး
သားရဲတစ်ကောင်ကို ကြည့်သလို ကြည့်မည်လား။

ခွန်းထက်လွင်၏ အတွေးတို့သည် ဆောက်တည်ရာမရချေ။
ရှုပ်ထွေးနေတဲ့ အတွေးများစွာနဲ့ အတူ
ခွန်းထက်လွင် အော်ဟစ်ပစ်လိုက်သည်။

ဒီကိစ္စသည် အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး
ခွန်းထက်လွင် နိုးထနိုင်ဖို့ကို မျှော်လင့်မိသည်။

ခပ်ဟဟလေးလည်း ရယ်လိုက်မိသည်။
ဘာကြောင့်များလဲ ဒီအတိုင်းလေး
ချစ်ရတဲ့သူနဲ့ အတူတူနေချင်တဲ့ ဆန္ဒလေးဘဲ ရှိတာပါ။
အရာအားလုံးကို စွန့်လွှတ်ထားတာတောင်မှ
သူတို့က အတောမသတ်နိုင်သေးရတာလဲ။

ထွက်သွားလေမလားဆိုတဲ့ အတွေးကို တွေးမိတဲ့အခါ
ခွန်းထက်လွင် နှာဖူးကြောတွေထောင်ထလာသည်အထိ
အံကြိတ်မိလိုက်သည်။

သျှားမြတ်စေသာ ကိုယ့်အချစ် 
မင်းသာ ထွက်ပြေးသွားရင်
ကိုယ်က အဆိုးရွားဆုံးနတ်ဆိုး ဖြစ်သွားလိမ့်မည်။

..................................................................

ခွန်းထက်လွင် မျက်စိရှေ့တွင် မြင်နေရသော
အိမ်ထဲကို ၀င်ဖို့ရာ ခြေလှမ်းမလှမ်းရဲပေ။

အကယ်၍များ သူ့ကို အပြုံးလေးတွေနဲ့
နွေးထွေးစွာ စောင့်ကြိုနေမယ့် လူသားလေးကို
မတွေ့ရလျှင်၊ အစ်ကိုလို့ ခေါ်မယ့် လူသားလေး
အသံကို မကြားရတော့ရင်၊ မီးဖိုခန်းထဲမှာ
သီချင်းလေးငြီးရင်း ချက်ပြုတ်နေတဲ့ ထိုအမျိုးသားလေးကို မမြင်ရတော့ပါလျှင်။

ခွန်းထက်လွင် လက်သီးကို တင်းအောင်စုပ်လိုက်ရင်း
အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါ တိတ်ဆိတ်နေတဲ့ အခန်းက စောင့်ကြိုနေသည်။

သျှားမြတ်စေသာဆိုသော အမျိုးသားလေး၏
အရိပ်အယောင်ကိုပင် မတွေ့ရချေ။
ဒါမဖြစ်နိုင်ပေ။ ခွန်းထက်လွင် ခေါင်းကို
ကြမ်းတမ်းစွာ ခါပစ်လိုက်သညိ။

Melting In Love (Complete)Unde poveștirile trăiesc. Descoperă acum