Ep25

174 10 0
                                    

သျှားမြတ်စေသာ အိပ်ပျော်နေလေသော အစ်ကို့ကို ငေးကြည့်ရင်း
ဆံပင်လေးတွေကို အနည်းငယ်ဖွကာ ဆော့ကစားမိသည်။
နူးညံ့လေသော ဆံပင်လေးတွေကို သျှားမြတ်စေသာ ခံစားမိသည်။

အစ်ကို့ရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ မျက်နှာလေးကို ငေးကြည့်ရင်း
အနည်းငယ်ညိုနေလေသော မျက်ကွင်းလေးကို
စိတ်မကောင်းစွာဖြင့် ထိတွေ့မိသည်။

အစ်ကိုသည် ပင်ပန်းနေပုံပေါ်သည်။
သျှားမြတ်စေသာ သက်ပြင်းဖွဖွလေးသာချနိုင်တော့သည်။
လုပ်ချင်ရာလုပ်ပြီး ၀မ်းနည်းနေတဲ့ ဒီကလေးဆိုးကြီးကို
သျှားမြတ်စေသာ ဘယ်လိုနည်းနဲ့ စိတ်ဆိုးရက်မည်နည်း။

သူ့ကိုခေါ်လာလေသော ခရီးစဥ်တစ်လျှောက် ဒီလူကြီး
အိပ်စက်ခဲ့ပုံမပေါ်ပေ။
သေချာသလောက်ဆို ထိုလူကြီးသည် သူမနိုးမချင်း
ထိုင်စောင့်လောက်မည်မှာ သေချာသည်။

"ဆိုးလိုက်တဲ့ လူကြီး"

အလိုလိုက်လိုသော သဘောထားလေးတွေ ညှိစွန်းနေလျက်
သျှားမြတ်စေသာ ရေရွတ်မိသည်။
ဒီလူကြီးသည် သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။

အစ်ကိုသူ့ကို ပွေ့ဖက်ထားပြီး ရင်ခွင်ထဲတိုး၀င်နေလျှင်
သျှားမြတ်စေသာ ၀က်၀ံပေါက်လေးကို ဖက်ထားရသလို
ခံစားရသည်။
ဒီလူကြီးသည် စတွေ့တုန်းကနှင့် သိပ်ကိုကွာခြားလွန်းသည်။
အဲ့ဒီလိုကွာခြားသည်မှာလည်း အသေအချာကို
သျှားမြတ်စေသာဆိုသော အမျိုးသားလေး
ရေခဲတုန်းကြီးကို အောင်မြင်စွာ အရည်ဖျော်နိုင်ခဲ့နယ်ဆိုတဲ့
သက်သေမလား။

အိပ်ပျော်နေလေသော အစ်ကို့၏ ပါးလေးကို သျှားမြတ်စေသာ
ရွှတ်ခနဲ နမ်းလိုက်ရင်း
သူ့အင်္ကျီစလေးကို တင်းနေအောင် ဆုပ်ကိုင်ထားလေသော
အစ်ကို့လက်ကလေးပေါ်သို့ ထပ်လျက်တင်ထားလိုက်သည်။

ညှပ်ရိုးနားကို အစ်ကို၏ ၀င်သက်ထွက်သက်တို့က ကျီစယ်နေလေသည်။
သျှားမြတ်စေသာ မျက်လုံးလေးကို ဖြေးညှင်းစွာ မှိတ်လိုက်သည်။

ဒီအမျိုးသားနဲ့ အတူတူရှိနေရတာ
ဘယ်လောက်တောင်ကောင်းလိုက်သလဲ။
သျှားမြတ်စေသာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်
အစ်ကို့ဆီက ထွက်သွားနိုင်မည်မထင်ပေ။

Melting In Love (Complete)Where stories live. Discover now