Ep32

153 9 1
                                    

"သျှား "

နားနားတွင် ခပ်တိုးတိုးကြားလိုက်ရသောအသံကြောင့်
သျှားမြတ်စေသူ မျက်မှောင်ကုတ်လိုက်သည် သူအိပ်ရေးမ၀သေးပေ။

အိပ်ပျော်နေသောသူ့ကို အစ်ကိုသည် ဖြေးဖြေးချင်းဆွဲလှဲလို့ ရင်ခွင်ထဲတွင် ထည့်ဖက်လိုက်သည်ကို သိလိုက်သည်။
လေးလံနေတဲ့ မျက်ခွံတွေကို အားယူကာ
ဖွင့်လိုက်လျှင် ချောမောပြီး ကြည့်ကောင်းလွန်းတဲ့
သျှားအမျိုးသားမျက်နှာကို မြင်လိုက်ရသည်။

မသိစိတ်ဖြင့် လက်ကလေးတွေကို လှုပ်ရှားကာ
အစ်ကို့၏ မျက်နှာလေးကို ထိတွေ့မိသည်။
မျက်ခုံးထူထူလေးတွေ နောက်ပြီး ပိုလို့ ထိတွေ့မိသည်မှာ
အစ်ကို့၏ နှုတ်ခမ်းပါးလေး။

" ကလေးငယ် မနက်ပိုင်းမှာ
အန္တရာယ်များတဲ့အရာတွေကို လှုံ့ဆော်တာမလုပ်ပါနဲ့"

ခွန်းထက်လွင် သည်းငယ်ရဲ့ လက်ကလေးကို
ဆွဲယူလို့ မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
ရင်ခွင်ထဲက အမျိုးသားလေးသည် သူ့ကို ရီဝေစွာ
ကြည့်နေဆဲပင်။

အိပ်ချင်မူးတူးဖြစ်နေသော သျှားသည် သိပ်ကို
ချစ်ဖို့ကောင်းလွန်းသည်။
ခွန်းထက်လွင် ဆွဲကိုက်ကာ ငုံထားချင်တော့သည်။
ဒီခင်ပွန်းလေးကတော့ သူ့ကို စိတ်မချချင်လောက်အောင်
ချစ်ဖို့ကောင်းနေတာ။

ခွန်းထက်လွင်၏ အတွေးတို့ကို မသိလေသော
သျှားကတော့ အိပ်မက်နဲ့လက်တွေ့ကို မကွဲသေးပေ။
ဒါပေမယ့် ဘာဖြစ်လဲ မျက်စိရှေ့က သူအမျိုးသားဘဲလေ။ ဘယ်နေရာမှာ နမ်းနမ်းပေါ့။

ခေါင်းလေးကို သျှားမြတ်စေသာ ဆန့်ထုတ်လိုက်သောလည်း နာကျင်မှုတစ်ချို့​က ထွက်ပေါ်လာသည်။

"အာ့ "

"သျှား "

သျှားမြတ်စေသာ နှူတ်ခမ်းလေးမသိမသာလေးဆူသွားကာ မျက်နှာလေး မော့လို့ မျက်တောင်လေးအနည်းငယ်
ခတ်လိုက်သည်။

ထို့နောက်တွင်တော့ ကလူကျီစယ်မှုလေး ပါ၀င်သော
အသံလေးနှင့်

"နမ်း ကိုယ့်ကို ပြင်သစ်အနမ်းလေးပေးပါ။"

"..........."

Melting In Love (Complete)Where stories live. Discover now