Ep11

251 11 1
                                    

"ခင်ဗျားရေ မျက်မှောင်ကြီးကုတ်မထားပါနဲ့တော့နော်။"

သျှားမြတ်စေသာ Latte တစ်ခွက်ကို စိမ်ပြေနပြေ
သောက်လို့ သူ့ကို အဖက်မလုပ်သောလူကြီးကို
ဘေးနားကနေ ပေါက်ဖက်လေးလို တွယ်ကပ်ကာ
ချော့နေရသည်။

ဒီလူကြီး ဒီလောက်သ၀န်တိုတတ်မည်ဟုတ်
မထင်ထားခဲ့တာ အမှန်ပင်။

"ခွန်းထက်လွင်ဆိုတဲ့ လူကြီးရေ ကိုယ့်ကိုစိတ်တိုတာလေး
လျော့ပေးပါလားဟင်"

မျက်နှာလေးကို ခွန်းထက်လွင်ရင်ဘက်ပေါ်သို့
သျှားမြတ်စေသာကပ်လိုက်ရင်း ပြောလိုက်လျှင်
latteခွက်ကို ကိုက်ထားလေသော လက်တို့မှာ
တင်းကျပ်သွားလေသည်။

ခွန်းထက်လွင် ဘေးနားရှိ လူသားလေးရဲ့
စကားတို့ကို မကြားချင်ယောင်ဆောင်နေလျှင်
နူးညံ့သော အထိအတွေ့လေးတစ်ခုသည် ခွန်းထက်လွင်
ပါးပေါ်သို့ ကျရောက်လာသည်။

ဆက်ပြီး မထိန်းထားနိုင်တော့စွာ ခွန်းထက်လွင်
သူ့အချစ်လေးကို ပေါင်ပေါ်သို့ ပွေ့တင်လိုက်ရင်း

"ကိုယ့်ကို ဘယ်လိုတောင် လုပ်ရက်နေတာလဲ
နှာလုံးရပ်စေချင်နေတာလား ကလေးလေးရာ"

"မရည်ရွယ်ရပါဘူး ခင်ဗျားရယ်"

သျှားမြတ်စေသာ သူ့လူကြီးရဲ့ မျက်နှာလေးကို
ထိန်းကိုင်လို့ နှုတ်ခမ်းပေါ်ကိုပါ အနမ်းပေးလိုက်လျှင်
ခွန်းထက်လွင်သည် နှာဖူးချင်းထိကပ်ကာ ခပ်တိုးတိုးရေရွတ်လာသည်။

"တကယ် အဆိုးလေး"

"ဟိဟိ"

ရယ်သံကြားလိုက်ရသောကြောင့် သျှားမြတ်စေသာ
အသိ၀င်လာလို့ ဘေးဘီကို ကြည့်လိုက်သောအခါ
ချောင်းကြည့်ပြီး ရယ်နေကြတာသူတို့မဟုတ်သလို
လုပ်နေကြတဲ့ ဆိုင်က ကလေးတွေ။

သျှားမြတ်စေသာ ခေါင်းလေးသာခါလိုက်လို့
သူ့ကို ကြည့်နေလေသော လူကြီးရဲ့ ကုတ်အင်္ကျီကော်လံလေးကိုသာ
လက်ကလေးနှင့် ဖြန့်ပေးရင်း စကားဆိုလိုက်သည်။

"ကိုယိဆိုးတော့ရော ခင်ဗျားအပေါ်ဘဲကို ဘာဖြစ်တုန်း။
အခုဆိုင်က ကလေးတွေကတောင်ရယ်နေပြီ။"

Melting In Love (Complete)Where stories live. Discover now